အမုန်းမာန်​တိုင်​(part 11)
34.6K 2.6K 13
*စစ်​သခင်​ရဲ့ချစ်​ဘုရင်​*
အပိုင်း ၁၇
"က​လေး...ဦးဝင်​ခဲ့မယ်​​နော်​"
အခန်းတံခါး​ခေါက်​သံနှင့်​အတူ ဦးစစ်​သခင်​၏အသံပါ
ထပ်​တူကြားလိုက်​ရသည်​။
သူပြန်​​ရောက်​လာသည်​ထင်​ရဲ့။
တစ်​ချိန်​ထဲမှာပင်​ အခန်းတံခါးပွင့်​သွားကာ ဦးစစ်​သခင်​ ဝင်​လာသည်
မို့ စာကြည့်​စားပွဲတွင်​ ထိုင်​ကာစာလုပ်​​နေရင်း သူ့ကိုလှည့်​ကာကြည့်​​နေလိုက်​သည်​။
"၁၀နာရီ​ကျော်​ပြီဆို​တော့ က​လေးအိပ်​​နေပြီထင်​တာ
က​လေး ​နေ​ကောင်းရဲ့လား..."
"......."
ကျွန်တော် ပြန်​မ​ဖြေပဲ ​ခေါင်းသာညိမ့်​ပြလိုက်​သည်​။
"​ဒီမှာ က​လေးအတွက်​"
ခတ်ပြုံးပြုံးမျက်နှာထားနှင့် သူကတည်ညိမ်စွာ​ပြော​ရင်း ကျွန်တော့်
စားပွဲ​ပေါ်သို့ လက်​ဆွဲအိတ်​​လေးတစ်​အိတ်​ကိုတင်​​ပေးသည်​။
"ဘာလဲ"
မော့ကြည့်ကာ ​မေးလိုက်​​တော့ ပြန်ဖြေလာသည့်သူဟာ
မျက်ဝန်းတွေမှိတ်ကျတော့မတတ်ကိုပြုံးနေတာမျိုး။
"ဖွင့်​ကြည့်​​လေ"
အိတ်​ထဲက ဂျက်​ဘူး​လေးကိုထုတ်​ကြည့်​လိုက်​​တော့
အနီ​ရောင်​ဖဲကြိုး​လေးနှင့်​ ချည်​ထားသည့်​ ဘူးအဖြူ
ရောင်​​လေးကတောက်ပလျက်။
ဖဲကြိုး​လေးကို​ဖြည်​ကာ ဖွင့်​ကြည့်​လိုက်​​သည့်အခါ အဖြူ​ရောင်​အ​မွှေးနုနု​လေး​တွေဖုံးလျက်​ရှိသည်ကိုမြင်ရ၏။
ထိုအ​မွှေးမျှင်​​လေးများကိုဖယ်​ကာကြည့်​လိုက်​စဉ် ဖုန်းနှင့်​ လက်ပ်တော့ပ် လေးကို​တွေ့ရပြန်သည်​။
နှစ်​ခုလုံးက တံဆိတ်​​ရောအ​ရောင်​ပါဆင်​တူ​လေးဖြစ်​သည့်​အပြင်
အလွန့်​အလွန်ကိုလှလွန်းသည်​​ကြောင့်​ ကျွန်တော်ဘာပြောရမှန်းမသိ​အောင်​ပင်​....။
ဘယ်​​လောက်​​တောင်​​ဈေးကြီးလိုက်​မလဲမသိ။
စို​တောက်​​နေသည့်​ အနီရဲရဲအ​ရောင်​​လေးများက သိပ်​ကိုချစ်​ဖွယ်
ကောင်းလှသည်​။
"က​လေး....သ​ဘောကျရဲ့လားဟင်​"
မျှော်​လင့်​ချက်​များစွာပြည့်​နှက်​​နေသည့်​ ဦးစစ်​သခင်
၏မျက်​ဝန်းများနှင့်​ ပြုံးသည်​ဆိုရုံမျှပြုံး​နေပြန်သည့်​ သူ၏နှုတ်​ခမ်းများ။
အလွန့်အလွန်ပျော်​ရွှင် သွား​သော်​လည်း ဟန်​မပျက်​​စေပဲ ခတ်အေးအေးသာပြန်​​ဖြေလိုက်​သည်​။