ချစ်​မိခြင်းအစ (part 2)
60.4K 3.8K 44
*စစ်​သခင်​ရဲ့ချစ်​ဘုရင်​*
အပိုင်း ၂
ကျောင်းပိတ်​ရက်​ဖြစ်​သည်​​ကြောင့်​ ရပ်​ကွက်​လမ်းကြား​လေးထဲတွင်​ စိုင်းစက်​ဘီးပတ်​စီးဖြစ်​သည်​။
သီချင်းတညီးညီးလုပ်ရင်း ခြေနင်းတုံးကိုခတ်သာသာနင်းချနေမိရင်း
*တီ.......*
စူးနက်​စွာပေါ်ထွက်​လာသည့်​ ​နောက်​ကကားဟွန်းသံကျယ်​ကျယ်​​ကြောင့်​ စက်​ဘီးကို ကပြာကရာ​ဘေးသို့ကပ်​လိုက်​​မိသည်​။
ဆိုးဝါးလွန်းသည့်​ လမ်း​ဘေးချိုင့်​ခွက်​များ​ကြောင့်​ စိုင်း
ဟန်​ပျက်​ကာ လဲကျသွား​သော်​လည်း ထိုကားမှာတစ်​ချက်​ငှဲ့မကြည့်​ ​မောင်းထွက်​သွားခဲ့သည်​။
"အား......​တောက်​...ဘယ်လို​ဟာမျိုး​တွေမှန်းမသိဘူး....အ..."
ခတ္တအကြာမှစိုင်း​ရှေ့သို့ ပြန်ဆုတ်​ကာထိုးရပ်​လာသည့်​ကား၏ပြောင်​လက်​​နေသောကားဘော်ဒီ နှင့်​အနက်​​ရောင်​မှန်​တချို့ကြောင့်
ကားထဲရှိသူကိုမမြင်​နိုင်​။
ထိုကား​​နောက်​ခန်းပေါ်မှဆင်းလာသည့်​သူမှာလည်း အခန့်​ညား
ဆုံးနှင့်​အ​တောက်​ပဆုံးဖြစ်​​အောင်​ဝတ်​ဆင်​လျက်​။
"​ကောင်​​လေး...ဘာဖြစ်​သွား​သေးလဲ"
မိမိ​ရှေ့သို့လာရပ်​သည့်​ နက်​​ပြောင်​​ပြောင်​ လယ်​သာ
ဖိနပ်​ပိုင်​ရှင်​အား စိုင်း​မော့ကြည့်​လိုက်​သည်​။
ထိုသူကိုမြင်​ဖူးသ​ယောင်​ရှိသည်​။
အနာမကျတ်​​သေးသည့်​ ​ညာဘက်​​ခြေ​ထောက်​​ပေါ်မှ ​ရေ​နွေးပူ​​လောင်​သည့်​ဒဏ်​ရာ​ပေးခဲ့သူ။
စား​သောက်​ဆိုင်​တွင်​ဆုံခဲ့ဖူးသူ။
ထိုသူဆင်းလာသည့်​ ခတ်​လန်းလန်းကားကို​ဝှေ့ကြည့်
လိုက်​မိ​တော့ သူ့​ကြောင့်​လဲကျသွားသည်​ကို လှည့်​မကြည့်​ပဲ ​မောင်းထွက်​သွားသည့်​ကား။
နဂိုကမှ စိတ်ဆတ်သူပီပီ စိုင်းအတော်လေးတင်းသွားသည်။
"​ကောင်​​လေး...."
"ခများက ကျ​နော့်​ကိုနည်းအမျိုးမျိုးနဲ့ ဒုက္ခ​ပေး​နေတာပဲ....ခများက​လောကမှာ လူလိုမသိတတ်​ဆုံးလူသားပဲ​ဗျ.....