ချစ်​တဲ့ ဦး(part 1)
37.6K 2.4K 93
*စစ်​သခင်​ရဲ့ချစ်​ဘုရင်​*
အပိုင်း ၄၅
မေ​မေ​ဆေးရုံကဆင်း​တော့မည်​။
ခွဲစိတ်​မှု​အောင်​မြင်​၍ ​မေ​မေကျန်းမာ​ရေးအ​ခြေ​နေပုံမှန်​ပြန်​ဖြစ်​လာ​လေပြီ။
ဆေးရုံက ပစ္စည်းတချို့ကိုသိမ်းကာ ကားဒရိုင်ဘာ ဦး
မောင်​က ပစ္စည်းများကို သယ်​လျက်​ရှိသည်။
"​မေ​မေ..."
"​ဟေ"
"​မေ​မေ သားတို့အိမ်​မှာလိုက်​​နေ​တော့​နော်​...သား ​မေ​မေ့ကို တစ်​​ယောက်​ထဲစိတ်​မချဘူး..."
"သားရယ်​...သားတို့ပဲလွတ်​လွတ်​လပ်​လပ်​​နေပါ...​မေ​မေအခုလည်း ​နေ​ကောင်း​နေပြီပဲ..."
"​မေ​မေကလည်း သားက​မေ​မေနဲ့အ
တူတူ​နေချင်​တာကို"
ဆူ​ကောက်​​ကောက်​​ပြောမိ​တော့ ​မေ​မေကရယ်​​လေသည်​။
ဘေးရှိဦးစစ်​သခင်​ကလည်း ရယ်​လျက်​။
"သားကလည်း သားတို့လွတ်​လွတ်​လပ်​လပ်​​နေလို့ရ
အောင်​လို့ပါ"
"ဦးစစ်​...ဒီမှာ​ပြောဦး"
မနိုင်​​တော့ နိုင်​တဲ့သူကိုသာ စစ်​အကူ​ခေါ်ရ​တော့သည်​။
"ဟုတ်​ပါတယ်​ အန်​တီရယ်​...အိမ်​မှာလည်း ကျွန်တော် နဲ့က​လေးနှစ်​​ယောက်​ထည်းမို့လို့ လာ​နေလိုက်​ပါ...က​လေးကလည်း အတူ​နေချင်​​နေရှာတာ"
သူ​ပြော​တော့ ​မေ​မေက ကျွန်တော့် ကိုမနိုင်​ဘူးဆိုတဲ့အကြည့်​နဲ့
ကြည့်လာလေ၏။
"ဟုတ်​ပါပြီကွယ်​...ကိုယ်​​တော့်​သ​ဘောပါပဲ"
"ဟီး....အဲ့တာ​ကြောင့်​ ​မေ​မေ့ကိုချစ်​တာ...."
&&&&&&&&&&&&&&
"က​လေး..."
ဟထား​သော အခန်းတံခါးကို အနည်းငယ်​လှပ်​ကာ
ခေါင်းပြူလျက်​ကြည့်​​နေသည့်​ ဦးစစ်​သခင်။
ဂိမ်း ​ဆော့​နေတာမို့ ခဏမျှလှည့်​ကြည့်​၍
မေး​ငေါ့ပြကာ ဖုန်းဆီသို့ ချက်​ချင်းအာရုံပြန်​စိုက်​သည်​။
"ဦးဒီည က​လေးနဲ့အတူတူအိပ်​ချင်​လို့..."
ဒီည၊ဒီညနဲ့ ​ပြောကာ ကျွန်တော့် အခန်းထဲသို့ရောက်​​ရောက်
လာတာ သုံးရက်ေ​လာက်​​ရှိ​လေပြီဖြစ်၏။