အမုန်းမာန်တိုင် (part 23)
34.5K 2.3K 17
*စစ်​သခင်​ရဲ့ချစ်​ဘုရင်​*
အပိုင်း ၂၉
*ဘယ်​သူလဲ....ဘယ်​သူမို့လို့ အဲ့ဒီနာမည်​ကိုသိ​နေရတာလဲ....*
"ဘယ်​သူလဲ"
ပြတ်​သားစွာ​မေးလိုက်​​တော့ တစ်​ဖက်​မှ ခတ်တိုးတိုးဖြေသံ။
"ကိုယ်​ပါ...ဥက္ကာ..."
%%%%%%%
"ညီလာမယ်​လို့​တောင်​မထင်​ဘူး...."
"ဘာကိစ္စလဲ...ကျွန်တော့် ဖုန်းနံပါတ်ကိုဘယ်​ကရတာလဲ ပြီးတာ့...
ကျွန်တော့်ရဲ့ နာမည်"
မေး​တော့ သူကရယ်​ကျဲကျဲနှင့်​ဆိုသည့်အခါ စိတ်မရှည်ရသူက ကျွန်တော်ပင်။
"ညီက ကိုယ့်​ကို​တွေ့ရင်​ အမြဲ​မေးခွန်း​တွေပဲ​မေးတယ်
အင်း​ပေါ့...နှစ်​​တွေကအရမ်းကြာခဲ့ပြီပဲ ဘယ်​မှတ်​မိပါ့မလဲ...ဒါမဲ့ ကိုယ်​က​တော့ ဘယ်​​တော့မှမ​မေ့နိုင်​တဲ့ သတိရမှုမျိုးနဲ့ သတိရ​နေတာ"
ကျွန်တော် ခွန်းတုံ့မပြန်မိ။
သူ့စကား​တွေကိုသာ နားစိုက်​​ထောင်​ရင်းတိတ်ဆိတ်နေမိသည်။
"ကိုယ်​မင်းကိုအကြာကြီး​စောင့်​​နေခဲ့ဖူးတယ်​ ညီ...​လိုက်​လည်းရှာခဲ့ဖူးတယ်​ ဘာသတင်းအစအနမှမရပဲ ရုတ်​တရတ်​​ပျောက်​သွားတဲ့ညီ့ကို
တစ်ရက်လေးတောင် မေ့လို့မရခဲ့ဘူး..."
တိတ်ဆိတ်နေမိရုံအပြင် ကျွန်တော်မတတ်နိုင်ခဲ့ဘူး။
သူနဲ့ ကျွန်တော့်ရဲ့ပက်သတ်မှုက တစ်ရက်မှမေ့လို့မရခဲ့တဲ့အထိရင်းနှီး
ခဲ့ဖူးတာမျိုးလား။
"ညီသိလား...ညီ့ကိုလေ ဒီနေ့ထိ......ဒီ​နေ့ထိကိုယ်​ချစ်​​နေမိတုန်း...."
ချစ်​​နေတုန်း...?ဟက်​...
ကျွန်တော် ​ခြောက်​ကပ်​ကပ်​သာရယ်​လိုက်​မိသည်။
တွေးမိတာက ​လောကမှာ နှစ်​​တွေအကြာကြီးကျွန်တော့်
ကိုချစ်​​နေတဲ့သူရှိ​သေးတာလား....?
ပျော်​စရာပဲ...။
"ခက်​တယ်​...ခများကို ကျွန်တော် လုံးဝမမှတ်​မိဘူး "
ဒါဟာ ဖွင့်ပြောခံရခြင်းလားမသိပေမဲ့ ရင်ခုန်စိတ်လှုပ်ရှားမနေခဲ့ဘူး။
ကျွန်တော်ဟာ စိတ်လှုပ်ရှားလွယ်တဲ့ လူပျိုပေါက်ကောင်လေးမဟုတ်
တော့သလို ကလေးတစ်ယောက်မှလွဲလို့ ဘယ်လိုလူမျိုးကမှ ကျွန်တော့်ကို ရင်မခုန်စေဘူး။