အမုန်းမာန်​တိုင်​(part 12)
35.3K 2.5K 36
*စစ်​သခင်​ရဲ့ချစ်​ဘုရင်​*
အပိုင်း ၁၈
"က​လေး ကို ချစ်​တယ်​ "
*ဟင့်​အင်း.....မ​ချစ်​ပါရဘူး...
ကျွန်တော့် ဘဝကို​ငွေနဲ့သိမ်းပိုက်​ခဲ့တဲ့လူကြီး...
ခများကို မုန်းတယ်​*
ကျွန်တော် သတိထားလိုက်​မိချိန်​ သူဟာကျွန်တော့် လက်
တွေကိုဆုတ်​ကိုင်​ထားသည်​။
အဓိပ္ပါယ်​အများကြီးပါ​သော အကြည့်​တို့ဖြင့်​မော့ငေးရင်း ကျွန်တော့်အား ကြည့်​လျက်​တစ်​စုံတစ်​ခုကိုလည်း​တောင်းခံ​နေသလို။
သူ့ရင်​ထဲမှာ ကျွန်တော် နဲ့ပက်​သတ်​ပြီး ခံစားချက်​တစ်​စုံတစ်ရာရှိ​နေတယ်​ဆိုတာ အရင်​ထဲကရိပ်​မိခဲ့သည်​။
သို့​သော်​ ယခုကဲ့သို့ ​ဖွင့်​​ပြောလာ​တော့လည်း ရင်​ထဲတွင်​တစ်​မျိုး...။
မွန်းကြပ်​သလိုလို။မောပန်းလာသလိုလို။
အသက်​ရှူမဝသလို။ပုံမှန်​​သွေးခုန်​နှုန်းထက်​ ပို၍မြန်​လာသလိုခံစားရသည်​။
ထိုခံစားချက်​က ဘာအဓိပ္ပါယ်​မှန်း​တော့ မသိ။
"က​လေး....ဦးရဲ့အချစ်​ကို လက်​ခံ​ပေးနိုင်​မလားဟင်​"
*မဖြစ်​နိုင်​ဘူး....ခများကို မုန်း​နေမှာပဲ*
ကျွန်တော့် လက်​တို့ကို သူ့လက်​ထဲမှ ခတ်ကြမ်းကြမ်းဆွဲထုတ်​လိုက်​သည်​။
ထို့​နောက်​ ထိုင်​​နေရာမှ ထရပ်​လိုက်​ကာဖြင့်...
"ခများဘာ​တွေလာ​ပြော​နေတာလဲ"
"က​လေး..!!!"
"ဟက်​...ခများက ကျ​နော့်​ကိုချစ်​တာ.....?"
"ဟုတ်​တယ်​ က​လေး...ဦး...ဦးက​လေးကိုချစ်​တယ်​"
သူ့စကား​ကြောင့်​ ကျွန်တော့် တစ်​ကိုယ်​လုံး ​လေဟာနယ်ထဲလွင့်​သွားသလိုခံစားလိုက်​ရသည်​ကို သူသိမလား။
မုန်းသည်​။သူ့ကိုမုန်းသည်​ထက်​ ဘာမှန်းမသိ​သော ထိုခံစားချက်​ကို ပို၍မုန်းမိသည်​။
"​တော်​စမ်းပါ...ခများပါးစပ်​က အဲ့စကားကိုကြားရတာ
နားခါးလွန်းတယ်​"
"က​လေး..."
"ခများက ကျွန်တော့် ကို​ငွေနဲ့သိမ်းယူထားတာတဲ့လူ...
ခများ​ကြောင့်​ ကျွန်တော် လူပုံအလယ်​မှာ ရစရာမရှိ​အောင်
အ​ပြောခံရတာ ခများသိလား....​"