အမုန်းမာန်​တိုင်​(part 14)
34.1K 2.4K 18
*စစ်​သခင်​ရဲ့ချစ်​ဘုရင်​*
အပိုင်း ၂၀
"သား​ရေ....သား"
အခန်းတံခါးဖွင့်​ကာ ဝင်​လာသည့်​​မေ​မေက ကုတင်​​ပေါ်တွင်​ ငုတ်​တုတ်​ထိုင်​ကာ ပြတင်းတံခါးအပြင်​သို့​ငေး​နေသည့်​ကျွန်တော့် ကိုတွေ့စဉ်။
"ဪ...သားကနိုး​နေပြီပဲ"
တကယ်​​တော့ နိုး​နေခြင်းမဟုတ်​။
တစ်​ညလုံးအိပ်​၍မ​ပျော်​ခဲ့ခြင်းဖြစ်သည်။
အ​တွေး​ပေါင်းများစွာ နယ်​ချဲ့ရင်း တစ်​ညလုံးကုန်​ဆုံးခဲ့ရသည့်အဖြစ်။
"နိုးရင်​လည်း ထ​တော့​လေသား...အိမ်​​ရှေ့မှာ သူ​ဌေး​လေးနဲ့ပါပါလာတဲ့ လူ​လေး​ရောက်​​နေတယ်​...သားကို ​ခေါ်ခိုင်း​နေလို့"
မေ​မေ့စကားအရ ကိုမာန်​ထက်​နိုင်​လာသည်​ထင်​ရဲ့။
ဘာအ​ကြောင်းရှိလို့ပါလိမ့်​။
"ဟုတ်​ ​မေ​မေ...သား ထွက်​​တွေ့လိုက်​မယ်​"
အခန်းထဲမှထွက်​ကာ အိမ်​​ရှေ့တံခါးဆီသို့ဦးတည်​သွားလိုက်​သည်​။
အိမ်​တံခါး၏​ရှေ့တွင်​ မက်​တပ်​ရပ်​ကာ​စောင့်
လျက်​ရှိသည့်​ကိုမာန်​ထက်​နိုင်​က အိမ်ထဲပင်မဝင်နိုင်လောက်အောင်
အရေးကြီးနေသော အသွင်နှင့်။
"ကိုမာန်​ထက်​နိုင်​....ဘာကိစ္စရှိလို့လဲ"
"ညီ...သူ​ဌေး....သူ​ဌေး​ပျောက်​​နေလို့..."
ကပြာကယာနိုင်သော သူ့အဖြေဝယ် ကျွန်နော်လည်းအထူးအဆန်း။
"​ဗျာ...."
အတော်လေးလန့်မိသွားတာအမှန်ပင်။
"ညက သူ​ဌေးနဲ့ ညီဘာဖြစ်​ကြ​သေးလဲ...."
"စကား​တော့နည်းနည်းများခဲ့ကြတယ်​"
အမှန်တိုင်းပြောဖို့ရန် လိုသည့်အခြေအနေမို့ ကွေ့ဝိုက်မနေမိတော့။
"ဘယ်လိုဖြစ်​တာတုန်း...​ပျောက်​​နေတယ်​ ဟုတ်လား"
မေ​မေက ကြားသွားကာ ဝင်​​မေးလာသည်​။
"ဟုတ်​တယ်​ အန်​တီ...မနက်​က ကျွန်တော် အိမ်​ကိုသွား
တော့ သူ​ဌေးကိုလည်းမ​တွေ့ဘူး...ညီကလဲမရှိဘူး....သူ့ဖုန်းကိုလဲ အိမ်​မှာထားခဲ့တယ်​....မြို့ပြင်​ကအိမ်​မှာလဲသွားရှာခဲ့​သေးတယ်​ မရှိဘူး....ညီရယ်​"
ကိုမာန်ထက်ကတော့ အတော်လေးစိတ်ပူနေဟန်ရှိတာမို့ ကျွန်တော်
လည်းအားနာလာရသည်။
ကိုယ့်ပရောဂလည်းမကင်း ဟုဆိုရမည့်အခြေအနေပင်။