အမုန်းမာန်​တိုင်​(part 16)
33.8K 2.4K 41
Hello သျှင်လင်းရဲ့ ဘေဘီလေးတွေ🍒
စိတ်ဆိုးနေကြပြီလား🙁
လိုင်းတွေပြတ်သွားတာနဲ့ သျှင်လင်း လည်းဘယ်လိုမှမတတ်နိုင်တော့လို့ပါ တကယ်ကိုတောင်းပန်ပါတယ်နော်😞
စိတ်မဆိုးကြဘူးလို့ပဲ တစ်ယူသန်မှတ်လိုက်တော့မယ်😘
စိတ်ဆိုးရင်လည်း Daily updated နဲ့ပြန်ချော့ပါ့မယ်လို့😢ချစ်တယ်လေနော်😙အရမ်းလွမ်းနေတာ😭
*စစ်​သခင်​ရဲ့ချစ်​ဘုရင်​*
အပိုင်း ၂၂
ကျွန်တော့် ပိုင်​ဆိုင်​မှုများထဲတွင်​ ကျွန်တော့်အတွက်​ တန်​ဖိုးအကြီးမားဆုံးဖြစ်​သည့်​BLACK DIAMOND ကုမ္ပဏီ။
တစ်​​ယောက်​​သောသူ၏ ပိုင်ဆိုင်မှု အမည်​နာမနှင့်​ ဖွင့်​လှစ်​ထား ခဲ့​သော ဆောက်လုပ်ရေး ကုမ္ပဏီကို ကလေး အတွက်​ရည်​ရွယ်​ကာ ဖွင့်​လှစ်​ထားသည်​မှာသုံးလခန့်​သာရှိ​သေးသည်​။
ထို့​ကြောင့်​ တရုတ်​နိုင်​ငံကကုမ္ပဏီ အချို့ကို တွဲဖက်​ရှယ်​ယာဝင်​ခြင်းပြုလုပ်​ခဲ့ရသည်​။
သို့​သော်​ အခြား​အောင်​မြင်​ပြီးဆဲ STK ကုမ္ပဏီ​ကြောင့်​​ရော ကြိုးစားမှုများ​ကြောင့်​ပါ အချိန်​တိုအတွင်း ​အောင်​မြင်​စပြု​နေသည့်​ ထိုကုမ္ပဏီ​လေးကို တစ်​ချိန်​တွင် ဥက္ကဌဖြစ်​လာမည်​ တစ်​စုံတစ်​​ယောက်​က​တော့သိထားခြင်းမရှိ။
တချိန်​ချိန်​။
ခန့်​မှန်းလို့မရသည့်​အနာဂတ်​၊မှန်းစခွင့်​မရှိသည့်​ မနက်​ဖြန်​များတွင်​ ကျွန်တော် ဆိုသည်​မှာ​အရပ်​ရှစ်​မျက်​နှာမှ ရန်​သူ​တော်​များ​ကြောင့်​ ​လောကကြီးမှထွက်​ခွာသွားရနိုင်​သလို၊ မစွန့်​လွှတ်​မိ​သေး​သော မှောင်ခို
လုပ်​ငန်းကြောင့်​ သံတိုင်​များနောက်တွင်​ စံစားသွားရနိုင်​သည်​။
ထို့​ကြောင့်​ အနာဂတ်​မဲ့​နေ​သော ကျွန်တော့် နားဝယ်
ခါးသီးစွာ​နေထိုင်​နေရ​သည့် တစ်​​ယောက်​​သောသူ​လေးအတွက်​ ထိုလုပ်​ငန်း​လေးကို အစပြုခဲ့ခြင်းဖြင်းဖြစ်​သည်​။
စဖွင့်​လှစ်​စဉ်​ထဲက စိုင်းတိမ်​ယံထက်​ ဆို​သောနာမည်
နှင့်​သာဖွင့်​လှစ်​ခဲ့​ကာ ထိုကုမ္ပဏီနှင့်​ ကျွန်တော် ၏ပက်​သတ်​ဆက်​နွယ်
မှုကိုထည့်​သွင်းထားခြင်းမရှိခဲ့သည်ကြောင့်​ ​နောင်​တစ်​ချိန်​ ကျွန်တော့် ပိုင်​ဆိုင်​မှုများ ဆုံးရှူံးလိုက်​ရမည်​ဆိုလျှင်​​တောင်​ ထိုကုမ္ပဏီ​လေးက ချစ်​ရသူအတွက်​ဆက်​လက်​ရှိ​နေ​လေဦးမည်​​လေ။