Final
42K 2.7K 107
*စစ်​သခင်​ရဲ့ချစ်​ဘုရင်​*
ဇာတ်သိမ်းပိုင်း
"​တွေ့ချင်​လို့​ပေါ့...."
မျက်​ရည်​စက်တို့က စီးကျမလာ​သော်​ငြား သူ့မျက်​ဝန်း
အိမ်​ထဲမှာအပြည့်​။
ကျွန်တော် ငိုမိရုံမှတစ်ပါး မတက်​နိုင်​​တော့တဲ့အခါ ကိုယ့်ကိုယ်သာ
ဒေါသဖြစ်မိသည်။
တစ်​ညလုံးပြန်​မလာသလို ​ဖုန်းဆက်​တော့လည်းမကိုင်​တာမို့ အရူးတစ်​ပိုင်းပေမဲ့ မိုးလင်းမှသိလိုက်​ရတာက မူးယစ်​​ဆေး​ရောင်းဝယ်
ဖောက်​ကားမှုနဲ့ အချုပ်​ခံထားရသည်​တဲ့​လေ။
ဒီအ​ခြေအ​နေကို ကြိုတွေးထားပြီးပေမဲ့
တကယ်​တမ်း​ရောက်​လာ​တော့ ​သေမတက်​ပင်​ပန်းတယ်​...။
"မငိုပါနဲ့ကွာ...​မငိုလိုက်​ပါနဲ့..."
သံတိုင်​​တွေရဲ့တစ်​ဖက်​က​နေ ကျွန်တော့် ပါးပြင်​​ပေါ်က
မျက်​ရည်​တချို့ကို လှမ်းကာသုတ်​​ပေးရင်း ငိုရှိုက်သွားတဲ့သူရဲ့ဝမ်းနည်းမှုတွေမှာကျွန်တော် ရူးတော့မလိုပဲ။
"ဦး​ကြောင့်​...ဦး​ကြောင့်​ က​လေးနာကျင်​ရတာ...ဦးကိုမုန်းပစ်လိုက်...
ဦး ကမကောင်းတဲ့လူ"
နှုတ်​ခမ်းကို တင်းတင်းစိရင်း အကြည့်​တို့လွှဲကာ​ပြော​နေတဲ့ သူ့ပုံစံက ဒီစကားထွက်​လာဖို့ဘယ်​​လောက်​ပင်​ပန်း​နေလဲဆိုတာ အသိသာကြီးပါ။
"​မ​ပြောပါနဲ့...မုန်းဖို့မ​ပြောပါနဲ့ ဦးရယ်​...ဦးကို ကျွန်တော်
ချစ်​ခဲ့တာမုန်းဖို့မှမဟုတ်​တာ...ဦးကို အရမ်းချစ်​တာမို့တစ်​သက်​လုံးအတွက်​ချစ်​တာမို့ ကျွန်တော့် ကိုလည်း​မေ့မပစ်​ပဲ  ချစ်​​နေရမယ်​​နော်​...."
"က​လေး..."
မျက်​ရည်​စတို့က သူ့ပါးပြင်​ထက်​မှာ ပိုတိုးလို့သာလာသည်။
သူ့မျက်​နှာကို အသာယာအုပ်​ကိုင်​ရင်း မျက်​ရည်​စက်​များအား အသာသုတ်​​ပေးရင်း ပေးမိပြန်တဲ့အထပ်ထပ်သောကတိတွေ။
"ဘယ်​​လောက်​ပဲကြာကြာ...ကျွန်တော် စောင့်​​နေမှာမို့ အသစ်​ကပြန်​စကြမယ်​...​နော်​..."
"က​လေးရယ်​..."
သူပို၍ငိုသွားသည်​။
သူ့နှလုံးသားထဲကို ဟိုးအနက်ရှိုင်းထိအောင် ခံစားမိပါရဲ့။
ကျွန်တော့်ကို သူဘယ်​​လောက်​ထိချစ်​တယ်​ဆိုတာ ကျွန်တော်
ပဲသိတာမို့ လက်ရှိသူရဲ့ ပူဆွေးမှုက ဘယ်လောက်အတိုင်းအတာ
ထိအောင်လဲ ဆိုတာခံစားမိတယ်။
သူသိပ်ကိုနာကျင်​​နေရှာမှာ။
ကျွန်တော့် ထပ်​မပိုရင်​​တောင်​ ထပ်တူတဲ့ နာကျင်မှုမျိုးနဲ့။