အချစ်ရဲ့လမ်းစ(part 5)
37.8K 2.4K 32
စစ်သခင်ရဲ့ချစ်ဘုရင်
အပိုင်း ၃၈
"​ပြော...ဘာဖြစ်​တာလဲ"
ခတ်တင်းတင်းနိုင်သော စစ်သခင်၏အမေး။
မျက်မှောင်တွေတွန့်ချိုးလျက် အဖြေကိုစောင့်ဆိုင်းနေဟန်ရှိတဲ့
စစ်​သခင်​အနားသို့ ခတ်သာသာတိုးကပ်သွားရင်း မာန်ထက်ဆိုသည်။
"ကွက်​သစ်​ဘက်​က ကျွန်တော်တို့ ဂို​ထောင်​(၂)ဝင်​အဆီးခံလိုက်​ရတယ်​...သူ​ဌေး"
"ဘာ"
"ပစ္စည်း​တွေအားလုံးရဲလက်​ထဲပါသွားပြီ...ဂို​ထောင်​မှာသက်​​သေအ​ထောက်​အထားမရှိလို့ ကျွန်တော်တို့ဆိုတာကို​တော့  မသိ​လောက်​​သေးဘူး...ဒါမဲ့ ဂိုထောင်တစ်ဝှိုက်မှာ ရဲတွေခြေရှုပ်နေတယ်"
"ဘယ်​လိုဖြစ်​တာလဲ...ရုတ်​တရက်​ကြီး..."
စစ်​သခင်​ အံ့သြစိုးရိမ်​စွာ မျက်​​မှောင်တွေကုပ်ရင်း ရေရွတ်မိတယ်။
"ဟုတ်​တယ်​ သူ​ဌေး...ကျွန်တော်လည်း အဲ့တာပဲမသင်္ကာ
ဖြစ်​​နေတာ...အတွင်းလူများရှိ​နေလားမသိဘူး"
တွေးဆဆပြောသော မာန်ထက်၏ဟန်အမူအယာကိုကြည့်ရင်း စစ်သခင်ပို၍စိတ်ရှုပ်လာသည်။
"​သေချာစုံစမ်းကွာ..ဘယ်​သူဆိုတာသိရဖို့လိုတယ်​...
ပြီး​တော့ ဂို​ထောင်​(၁)ကပစ္စည်း​တေအကုန်​ နယ်​စပ်​က
ဂို​ထောင်​ကို ပြန်ပို့လိုက်​....ဒီမှာထားလို့မဖြစ်​​တော့ဘူး ပို့ပြီးတာနဲ့
ဂိုထောင်(၁)ကိုပိတ်ထားလိုက်တော့"
"ဟုတ်​ကဲ့သူ​ဌေး..."
"ပြီး​တော့ အလုပ်​ကို​သိုသိုသိပ်​သိပ်​လုပ်​...​နောက်​ထပ်​ဘာကိုမှ ထပ်​မဆုံးရှုံးချင်​ဘူး...ဒီကိစ္စလည်း မင်းတစ်​​ယောက်​ထဲသိပါ​စေ..."
"ဟုတ်​ကဲ့ပါ သူ​ဌေး စိတ်​ချပါ"
"​အေးကွာ...မင်းကို​တော့ ငါစိတ်​ချပါတယ်​....ကဲကဲ သွား​တော့ကွာ...က​လေးရှိ​နေတယ်​...အခုလို​ပြော​နေလို့မ​ကောင်းဘူး"
"ဟုတ်​...."
ထို့​နောက်​ မာန်​ထက်​နိုင်​က အရိုအသေပေး အခန်းထဲမှထွက်​သွားသည်​။
ဆေးရုံခန်းထဲမှ ထွက်​လိုက်​ချင်းပင် သူနာပြုမ​လေးတစ်​ဦးက
ဆေးထိုးအပ်​များနှင့် ​ဆေးပစ္စည်းများ​ထည့်​ထား
သောပုံးကိုကိုင်​ကာ အခန်း​ထဲသို့ဝင်​သွားသည်​။
အပြင်​ရှိ ခုံတန်းလျား​လေး​ပေါ်တွင်​ ​စောင့်​​နေ​သောစိုင်း
အား​တွေ့ရ၍ အနားသို့သွားလိုက်​ရင်း...