အမုန်းမာန်​တိုင်​ (part 3)
39.6K 2.8K 20
*စစ်​သခင်​ရဲ့ချစ်​ဘုရင်​*
အပိုင်း ၉
*ဟင်​...ဒီအချိန်​ကြီးဘယ်​သွား​နေတာလဲ...*
အခန်းထဲသို့​ဝှေ့ကြည့်​လိုက်​​တော့မှ ​တွေ့ပါပြီ။
ကုတင်​​ခြေရင်းမှာရှိတဲ့ စာကြည့်​စားပွဲ​လေး​ပေါ်မှာ
မောက်​လျက်​​လေးအိပ်​​ပျော်​​နေတဲ့ က​လေးငယ်​...။
ပါဝါမျက်​မှန်​​လေး​ထောင့်​​လေးကို တပ်​ထားပုံ​ထောက်
တော့ စာကျက်​ရင်းအိပ်​​ပျော်​သွားသည်​ထင်​။
မျက်​မှန်​​လေးကတစ်​ခြမ်း​စောင်း​နေကာ ပါးလွှာလွှာ
နှုတ်​ခမ်းရဲရဲ​လေးက ​ခတ်ဟဟ။
ချစ်​ဖို့​ကောင်းလွန်း​နေသည့်​ က​လေးငယ်
ကိုကြည့်​ရင်း ဒိုင်းခနဲ​စောင့်​တက်​လာသည့်​နှလုံးခုန်​သံနှင့်​အတူ ခတ်​ချိုချို အပြုံးတစ်​ခုပြုံးမိပြန်​ပြီ။
စားပွဲနှင့်​ ထိုင်​ခုံ​နောက်​မှီ​ပေါ်သို့လက်​တစ်​ဖက်​စီ​ထောက်​ကာ ကိုယ်​ကိုယ်ကိုင်းလိုက်​ပြီး က​လေးငယ်​၏မျက်​နှာ​တော်​နုနုကို ​ငေး​မောလိုက်​မိသည်​။
က​လေး၏ဝင်​သက်​ထွက်​သက်​ ​လေနုနုတို့က
ရင်​အုံဆီတိုးဝင်​ရိုက်​ခတ်​လျက်​ရှိသည့်အခါ ပိုတိုးလို့ချစ်ရသူက ကိုယ်ပင်။
အတန်​ငယ်​ကြာ​အောင်​​ငေး​နေပြီးမှ ဘီရိုထဲက​စောင်​ပါး
လေးတစ်​ထည်​ကိုထုတ်​၍ က​လေး​ပေါ်သို့လွှားကာ
ခြုံ​ပေးလိုက်​သည်​။
အခန်းတံခါးနားသို့​လျှောက်​လာပြီးနောက်မှ...
"ဂွတ်နိုက် ခလေးလေး"
တီးတိုး​ပြောရင်းအခန်းမီးနှင့်​တကွ တံခါးကို ညင်​သာစွာပိတ်​ကာ မိမိအခန်းသို့ထဲ၌ တစ်​ညတာကိုထပ်​မံကုန်​ဆုံး​စေသည်​။
<><><><><><><><><><><>
စူးဝါးဝါးထွက်​​ပေါ်လာသည့်​ နှိုးစက်​သံ​ကြောင့်​ စစ်​သခင်​၏မျက်​ဝန်း
များအလို​အ​လျှောက်​ပွင့်​လာရသည်​။
နိုးစက်​ကိုပိတ်​ကာ လှဲ​နေရာမှ ထ၍အ​ညောင်းဆန့်​လိုက်​သည်​။
မနက်​တိုင်းထ​နေကြအချိန်​ဖြစ်​​သော်​လည်း ညက
တော်​​တော်​နှင့်​အိပ်​မ​ပျော်​သည်​​ကြောင့်​ လန်းဆန်းမှုမရှိ။
ရေမိုးချိုး အဝတ်​စားသပ်​သပ်​ရပ်​ရပ်​ဝတ်​ကာ ​အောက်​ထပ်​သို့ဆင်း
ခဲ့သည်​။
မီးဖိုခန်းထဲတွင်​ မနက်​စာပြင်​ဆင်​​နေသည့်​ အိမ်​အကူ​ဒေါ်နန်းရင်​နှင့်​ အမျိုးသမီးနှစ်​ဦး။
မနက်​စာ စားရန်​ ထမင်းစာပွဲတွင်​ ​နေရာယူလိုက်​ရင်း ဦးဆုံးမေးမိသူက ကလေးငယ်။