Extra part 2
33.3K 1.9K 40
*စစ်​သခင်​ရဲ့ချစ်​ဘုရင်​*
Extra part 2
"ဒီည...ကျွန်တော့် ကိုအပိုင်​သိမ်းပါ..."
အတူ​နေခဲ့ဖူးတာ ပထမဆုံးအကြိမ်​မဟုတ်​ပါပဲ *အပိုင်​သိမ်းပါ*ဆိုတဲ့စကားက နှလုံးသားတစ်​ခုလုံးကို ဂျွန်းပြန်​သွား​စေသည်​။
ဒိန်းခနဲ​ဆောင့်​တက်​လာတဲ့ နှလုံးခုန်​နှုန်းကို ထိန်း
ချုပ်​ရန်​မစွမ်းသာ​တော့။
ပြန်​လည်​တိုးကပ်​​လာ​သော က​လေးငယ်​၏နှုတ်​ခမ်း
များ​ကြောင့်​ မျက်​လုံးတို့ကိုမှိတ်​ချလိုက်​မိသည်​။
ရင်​ခုန်​စွာ​စောင့်​​​မျှော်​​နေမိ​သော တတိယ​မြောက်​ အနမ်းတစ်​ပွင့်​။
တလှပ်​လှပ်​လှုပ်​ခါ​နေ​သော နှလုံးသား။
စောင့်​​မျှော်​​နေခဲ့​သော်​ငြား နှုတ်​ခမ်းတို့ဆီကျ​ရောက်​မ
လာသည့်​အနမ်း။
ပြင်းပြ​နေ​သော အသက်​ရှူသံတစ်​ခုကနား,နားတစ်​ဝှိုက်​တွင်​ရပ်​တန့်
လို့သွားသည်​။
လည်​ဂုတ်​နားသို့ ခ,သွား​သောက​လေးငယ်​၏မျက်​နှာ။
ရုတ်​တရက်​ငြိမ်​ကျသွားတဲ့ ​ပေါက်​စ။
"က​လေး....​ဟိတ်​"
ရင်​ဘက်​​ပေါ်က ပုခုံးကျဉ်းကျဉ်းကို တို့ထိ​ခေါ်​သော်​လည်း စကားပြန်​မလာ​တော့။
"အိပ်​သွားတာလား..?"
အ​မေးရှိ​သော်​ငြား အ​ဖြေမလာ​တော့သည်​မို့အိပ်​​ပျော်​သွားပြီဆိုတာ သိလိုက်​သည်​။
"ဟာ ကြာ..."
အသည်းယားစွာသာ ရေရွတ်​မိလိုက်​မိတော့၏။
မူးပြီး​မှောက်​သွားတာ။
လူကိုမရိုးမယွဖြစ်​​အောင်​လုပ်
ပြီးမှ ချက်​ချင်းကြီး​မှောက်​သွားရလား။
တကယ်​ပါ... ဘယ်​လိုက​လေး​လေးမှန်းကိုမသိဘူး။
ညစ်​​သွားပေမဲ့ လှိုက်​လှိုက်​လှဲလှဲရယ်​မိလိုက်​​သေးသည်​။
အရမ်းကိုချစ်​ဖို့​ကောင်းလွန်းလို့။
လည်​တိုင်​ဆီသို့ မှန်​မှန်​တိုးထွက်​​နေတဲ့ က​လေးဆီကဝင်​​လေထွက်​​လေများကြောင့် မိုက်ရူးရဲဆန်ချင်နေတဲ့စိတ်တို့ကိုအတတ်နိုင်ဆုံးချုပ်ထိန်းလို့ကိုယ်​လုံး​ပေါက်​စ​လေးကို ​အောက်​အသာပြန်​လှိမ့်​ချ​ပေးရင်း​နေရတကျထားရသည်​။
စောင်​လုံ​အောင်​ လွှားခြုံ​ပေးပြီး အ​ကောင်​​ပေါက်
ကိုရင်​ခွင်​ထဲထည့်​ကာ ကျွန်တော်ပါအိပ်​စက်​ခြင်းဆီသို့။