အမုန်းမာန်​တိုင်​(part 6)
37.3K 2.7K 29
*စစ်​သခင်​ရဲ့ချစ်​ဘုရင်​*
အပိုင်း ၁၂
စစ်​သခင်​ ပြန်​​ရောက်​သည့်​အချိန်​တွင်​ စိုင်း ကဧည့်​ခန်းထဲတွင်​ တီဗီ
ကြည့်​​နေလျက်​ရှိသည်။
အားလူး​ကြော်​နှင့်​ အခြားမုန့်​ထုတ်​​ပေါင်းများစွာကို စား
ပွဲ​ပေါ်တွင်​ပြန့်​ကျဲ​နေ​အောင်​ ​ဖောက်​ထားပြီး လက်​ထဲက ​ပေါက်​​ပေါက်​ဆုတ်​ကို နှုတ်​ခမ်း​လေးလန်​​နေ​အောင်​ယူစား​နေသည့်​ စိုင်းကိုကြည့်​ရင်း စစ်​သခင်​ ဟက်​ဟက်​ပက်​ပက်​ပြုံးလိုက်​မိပြန်၏။
"က​လေး​လေး...ဇာတ်လမ်း ကြည့်​​နေတာလား...ညစာ​ရော
စားပြီးပြီလား"
ဘေးကဆိုဖာ​ပေါ်တွင်​ထိုင်​ကာ ​မေးလိုက်​သည့်​ စစ်​သခင်​အားစိုင်းက တစ်​ချက်​လှည့်​ကြည့်​လာပြီး ​ခေါင်းသာငြိမ့်​ပြလာကာ ရုပ်​ရှင်​ကို စိတ်​ဝင်​တစားပြန်​ကြည့်​​နေ​လေရဲ့။
"က​လေး ပျင်း​နေပြီလား ဘယ်​သွားချင်​လဲ...ဦးဘယ်
လိုက်​ပို့​ပေးရလဲ...ဟင်​"
တယုတယ​မေး​နေသည့်​ စစ်​သခင်​အား စိုင်းကစိတ်မရှည်သ
လိုတစ်ချက်ကြည့်ရင်း....
"ညပဲမိုးချုပ်​​နေပြီး...ကျွန်တော်က ဘယ်​သွားရမှာလဲ"
နှုတ်​ခမ်း​လေးဆူကာ ပြန်​​ပြော​နေသည့်​ စိုင်းပုံစံမှာ အပြစ်​ကင်းလွန်းသည့်​ က​လေးငယ်​​လေးသဖွယ်​ပင်။
"သူ​ဌေး...သူ​ဌေး မှာထားတဲ့ပစ္စည်း​တွေ​ရောက်​လာပြီ"
မာန်​ထက်​နိုင်​၏စကား​ကြောင့်​ စစ်​သခင်​ ​မျက်နှာလတ်ခနဲ။
မနက်​မိုးလင်းမှ ​ရောက်​မည့်​ပစ္စည်းများ ​စော​ရောက်​လာ
သည်​​ကြောင့်​ စိုင်းကို ​စော​စော ​ပေးခွင့်​ရ​တော့မည်​မို့ ဝမ်းပမ်းတ
သာရှိလှသည်။
"ဟုတ်​ပြီ...အိမ်​ထဲကိုသယ်​လာခိုင်းလိုက်​"
"ဟုတ်​.."
မာန်ထက်က ဦးညွတ်ကာခတ်သွက်သွက်ပြန်ထွက်သွားအပြီး
"က​လေး...က​လေးအတွက်​ ဦးမှာထားတဲ့ပစ္စည်း​လေး
တွေရောက်​လာပြီတဲ့ အခန်းထဲမှာ​စောင့်​​နေလိုက်​​လေ ခဏ​နေရင်​ အလုပ်​သမား​တွေလာပို့​ပေးလိမ့်​မယ်​"