အချစ်ရဲ့လမ်းစ(part 9)
34.9K 2.3K 17
*စစ်​သခင်​ရဲ့ချစ်​ဘုရင်​*
အပိုင်း ၄၂
"မငိုပါ သား​လေးရယ်​...​မေ​မေ အဆင်​​ပြေပါတယ်​...
နောက်​​တော့ သက်​သာသွားမှာပါ"
အထူးကု​ဆေးရုံ၏ အထူးခန်း လူနာကုတင်​​ပေါ်မှ
ဒေါ်နန်းမြလှိုင်​။
နေမကောင်းပါလျက် ​ကုတင်​​​ဘေးတွင်​ တရှုံ့ရှုံ့ငို​နေ​သော သားငယ်​အားနှစ်​သိမ့်​ရင်း..
"​သားမှာ ​မေ​မေပဲရှိတာ​လေ...​မေ​မေ​နေမ​ကောင်းဖြစ်​မှ
တော့ မငိုပဲဘယ်​လို​နေနိုင်​မှာလဲ..."
"​အေးပါကွယ်​...​မေ​မေ့သား​လေးက ​မေ​မေ့ကိုချစ်​မှန်း
သိပါတယ်​...ဒါမဲ့ သားက က​လေးမဟုတ်​​တော့ဘူး​လေ
ပြီး​တော့ အိမ်​​ထောင်​နဲ့ အရာရာကို ရင်​ဆိုင်​နိုင်​​အောင်
ကြိုးစားရမယ်​...​ရှေ့​လျှောက်​​တွေ့လာရမယ်​ အခက်​ခဲ
တွေအများကြီးရှိဦးမှာ အခုလိုရှုံးပွဲချငို​နေရင်​ သား​ရဲ့ဘဝခရီးလမ်းကြီးကို ဘယ်​လို​လျှောက်​မလဲ သားရဲ့..."
"သားက အိမ်​​ထောင်​ကျခဲ့​ပေမဲ့ က​လေးပဲရှိပါ​သေးတယ်​​မေ​မေရဲ့ ​ခုမှ ဆယ့်ကိုးနှစ်ပြည့်​မှာကို"
"​ဟုတ်​ပါတယ်​...ဘယ်လိုပဲဖြစ်​ဖြစ်​...​မေ​မေ​ပြောတာ​တွေ
ကသားအတွက်​​လေ...သားကို​ကောင်း​စေချင်​လို့"
"ဟုတ်​ကဲ့ပါ ​မေ​မေရဲ့....သားနားလည်​ပါတယ်​...​မေ​မေ​ပြောသလို ​လောကဓံကိုရင်​ဆိုင်​နိုင်​မယ့်​ ရင့်​ကျက်​တဲ့လူမျိုးဖြစ်​​အောင်​ သားကြိုးစားမှာပါ..."
&&&&&&&&&&&&&&&&&
"ဘယ်လိုကြီးလဲ....​မနက်​ပဲ ဒဏ်​ရာက ချုပ်​ရိုး​ဖြည်​ရ
မှာကို ခရီးသွားမယ်​လုပ်​ပြန်​ပြီ..."
မ​နေ့ကလိုပဲ ကျွန်တော့် ဆီကို​နေ့လည်​စာလာပို့​ပေးတုန်း ဘန်ကောက်က​ခေါ်တဲ့ အစည်းအဝေးသို့ မနက်​ဖြန်​မနက်​သွားဖို့ အလုပ်​သမား​တွေနဲ့​ပြော​နေတာကို ကြားသွားတဲ့က​လေးက ကျွန်တော့်အား အကြီးအကျယ်​ ကွိုင်​​နေ​လေပြီ။
လက်ရှိမှာ ကျွန်တော့် ရုံးခန်းထဲတွင်​ ကလေးနဲ့ကျနော်နှစ်​ဦးသာ။