Extra Final
43.7K 2.3K 67
*စစ်​သခင်​ရဲ့ချစ်​ဘုရင်​*
Extra Final
"ဦး....ဦး​ရေ...."
က​လေးငယ်​ရဲ့ ​အော်​​ခေါ်သံကပီသစွာထွက်​လာတာ
မို့ ​က​လေးရေချိုးဖို့ ​ရေ​နွေးစပ်​​နေတာကိုရပ်​ကာ အမြန်
ဆုံးအလျင်​နဲ့ ကုတင်​အနားသို့အ​ပြေးနှင်​လိုက်​သည်​။
ကုတင်​​ပေါ်က ညှိုးငယ်​ငယ်​မျက်​နှာ​လေး​ကြောင့်​ ရင်​ထဲရှိန်းခနဲ။
"က​လေး ဘာဖြစ်​လို့လဲ"
ကျွန်တော်မေး​တော့ ​စောင့်​စ​လေးကိုအနည်းငယ်​လှပ်
ပြလာတဲ့က​လေးငယ်​ရဲ့ ​ခြေ​ထောက်​​တွေကမြင်​မ​ကောင်း။
"အဟင့်​...အရမ်းနာ​နေတယ်​....ရွှတ်​"
ပြောရင်း ကျလာတဲ့မျက်​ရည်​တစ်​​ပေါက်​နဲ့အတူကျွန်တော့်
ရင်​ထဲတိုးဝင်​လာတဲ့က​လေး​လေးက သနားဖွယ်​ရာအတိ။
ကိုယ်​ဝန်​ရင့်​လာသည်​နှင့်​အမျှ အရမ်းကိုချူချာလာ
တဲ့က​လေး​လေး။
ကိုယ်​ဝန်​ဆိပ်​​တက်​တာကြောင့်​ ​ယောင်​ကိုင်း​နေတဲ့​ခြေ​ထောက်​​ဖွေး​ဖွေး​လေးက ဘယ်​​လောက်​နာကျင်​​နေသလဲဆိုတာအသိသာ။
သေး​တောက်​​တောက်​ ကိုယ်​​လေးကိုပိုတိုးလို့ဖက်​လိုက်​ကာ ​ကျောပြင်​​လေးအားပွတ်​သပ်​​ပေးရင်း။
"​ဆရာဝန်​​ခေါ်​ပေးမယ်​​နော်​...​ဆေး​သောက်​လိုက်​ရင်
သက်​သာသွားမှာပါ...မငိုနဲ့​နော်​"
ခေါင်း​လေးတဆတ်​ဆတ်​ညိမ့်​ပြရင်း ကျွန်တော့်ကို​မော့ငေး
ကြည့်​လာ​ပြန်​သည်​။
"ဦး ကျွန်တော့် ကြောင့်​ပင်​ပန်း​နေပြီ..."
က​လေးရယ်​။
မျက်​နှာ​ပေါက်​စ​လေးက ချောင်ကျနေလိုက်တာများ ပါးရိုးလေးတွေတောင်ထင်းနေလို့နေပြီ။
မျက်ခမ်းစပ်ကမျက်​ရည်​ဥလေးတွေကို ပွတ်​ဆွဲသုတ်​​ပေးပြီး
နဖူးပြင်​​လေးအား ညင်​သာစွာငုံ့၍နမ်းရှိုက်​လို့နှစ်သိမ့်မိတဲ့အခါ ရှိုက်သံသဲ့သဲ့လေးကြားရပြန်တယ်။
"ဦး ကဘာလို့ပင်​ပန်းရမှာလဲ...ဦး လိုချင်​တဲ့ရင်​​သွေး
လေးကိုလွယ်​​ပေးထားတဲ့က​လေးက ဦး ထက်​အများ
ကြီးပိုပင်​ပန်း​နေတာ​လေ...ပြီး​တော့ ဦး မှာ ဂရုစိုက်​စရာ
ဆိုလို့က​လေးပဲရှိတာ...အဲ့တာ​ကြောင့်​​လျှောက်​​တွေး
ပြီးဝမ်းနည်းမ​နေနဲ့...​နော်​....လာ ​ရေချိုးပေးမယ်​"