အမုန်းမာန်​တိုင်​(part 4)
37.3K 2.8K 23
*စစ်သခင်ရဲ့ချစ်ဘုရင်*
အပိုင်း ၁၀
"အရင်​​ဈေးနဲ့​တော့မရနိုင်​​တော့ဘူး...နယ်​စပ်​ဘက်​မှာတအားကျပ်​​နေတယ်​"
စစ်​သခင်​မှ ​တည်​ငြိမ်​စွာ​ပြောလိုက်​ပြီးနောက် မင်းသူရိန်၏ခတ်ဖျော့
ဖျော့တောင်းဆိုသံက ကပ်လျက်ပါလာ၏။
"ဘာပဲဖြစ်​ဖြစ်​​ပြေလည်​​အောင်​​တော့ လုပ်​​ပေး​စေချင်
တယ်​ ဦးစစ်​....လောပန်းက ကျွန်တော့် အသိဖြစ်​​နေလို့ပါ"
မင်းသူရိန် ကသူ့ဘက်​မှဧည့်​သည်​ဖြစ်​​နေသည်​​ကြောင့်​ ​ပြေရာ​ပြေ​ကြောင်း​ပြော​ပေး​နေသည်​။
ရံဖန်​ရံခါ​တော့ စစ်​သခင်​နှင့်​​ပြေလည်​သူမဟုတ်​။
"၉၇၀၀ ထက်တော့ လုံးဝမ​လျော့​ပေးနိုင်​​တော့ဘူး...
အဲ့ဒါမှမရရင်​လည်း သ​ဘောပဲ"
တရုတ်​​ငွေ​ဈေးနှင့်​ဖြတ်​​ပေးခြင်းဖြစ်​သည်​။
ဒုစရိုက်​​လောကတွင်​ ရှင်​ဘုရင်​တစ်​ပါးလို့ ဆိုရ​လောက်​သည့်​ စစ်​သခင်​က မည်​သည့်​အချိန်​တွင်​ ပစ္စည်းပြတ်​တတ်​သည်​။
မည်​သို့ခက်​ခဲသည်​ကို ပါးနပ်သူဖြစ်​​သော​ကြောင့်​ ​ဈေးကိုတင်းခံထားခြင်းဖြစ်​သည်​။
အလုပ်​ကိုမည်​သို့​သောအခါမှ​အောက်​က​နေ၍မလုပ်​သူပီပီ စကားကိုလည်း ခတ်​မာမာ၊ခတ်​ပြတ်​ပြတ်​ ​ပြော၍အလုပ်​ကိုဖြတ်​ရန်​ကြိုးစားသည်​။
ထိုအခါမင်းသူရိန် က သူ၏ဧည့်​သည်​ဖြစ်​သူ ​လော
ပန်းကြီးနားသို့ကပ်​ကာ ခတ်​တိုးတိုးတိုင်​ပင်​လိုက်​သည်​။
"အိုကေလေ...၉၇ဆိုတော့လည်း၉၇ပေါ့.....တစ်ခါထဲ​ငွေ​ချေခဲ့လိုက်​မယ်​"
စစ်​သခင်​က​ခေါင်းနှစ်​ချက်​ငြိမ့်​ပြကာ မာန်​ထက်​နိုင်
အားမျက်​လုံးဆွေကာ ​ငွေစစ်​လိုက်​ဆိုသည့်​ သ​ဘောဖြင့်အချက်ပြ
လေ၏။
တစ်​ဖက်​က စားပွဲ​ပေါ်သို့တင်​​ပေးလိုက်​သည့်​ လော့ခ်သေတ္တာကို ဖွင့်​၍ ပါလာသည့်​တရုတ်​ယွမ်​တို့ကို ​ဆက်​တီ​ဘေးတွင်​အသင့်​ရှိသည့်​ ​ငွေ​ရေစက်​ဖြင့်​​ရေလိုက်​သည်​။
ငွေပြည့်​သည်​ဆိုမှ မာန်​ထက်​နိုင်​ က​ဘေးတွင်​ရပ်​​နေ
သည့်​လူများအနက်​မှတစ်​ဦးကို​ခေါင်းညိမ့်​ပြလိုက်​သည်​။