ချစ်​မိခြင်းအစ (part 3)
52.2K 3.6K 37
*စစ်​သခင်​ရဲ့ချစ်​ဘုရင်​*
အပိုင်း ၃
ခြေ​ထောက်​နာ​နေ​သေးသည်​​ကြောင့်​ စိုင်း ​ကျောင်းမသွားဖြစ်​။
မေ​မေ့ကို အိမ်​တွင်​နား​နေခိုင်းကာဆိုင်​​စောင့်​ဖြစ်​သည်​။
ကုန်​စုံဆိုင်​​လေးဖြစ်​တာ​ကြောင့်​ စိုင်း ထိုင်​​စောင့်​​နေရုံမှအခြားအလုပ်​မရှိတာမို့ပျင်းပျင်းရှိသည်​နှင့်​ စာအုပ်​​ကောက်​ဖတ်​ရင်းထိုင်​​နေလိုက်​သည်​။
ဘာမီတွန်​ထက်​အစွမ်းထက်​​သော ပညာ​ပေးစာအုပ်
က စိုင်း၏မျက်​ခွံတို့ကို အဆုံးစွန်​ထိဆွဲချ​နေကြသည်​။
မကြာသောအချိန်အတွင်းမှာပဲ စာအုပ်ကိုလက်ကကိုင်ရင်း စိုင်း
မှေးခနဲအိပ်ပျော်သွားလေ၏။
****************
လိုချင်တပ်မက်ခြင်းလောဘဟာ ဘာရယ်မှန်းအတိအကျမသိခဲ့ပါ
သော်လည်း ထိုကလေးနှင့်တွေ့မှ အဓိပ္ပါယ်ဖွင့်ဆိုလာတတ်သယောင်။
ဘာ​ကြောင့်​ရယ်များ ထို​ကောင်​​လေးအား ချစ်​မိသွားသည်​ကို မခန့်​မှန်းတတ်​​သော်​လည်း အလုပ်​ပင်​​ဖြောင့်​​အောင်​မလုပ်​နိုင်​​တော့ပဲ ထိုက​လေးအ​ကြောင်းသာအမြဲ​တွေးရင်း ထိုက​လေးမျက်​နှာထား တင်းတင်း​လေးအားမြင်​​ယောင်​ရင်း​နေ့​ရောညပါကုန်​ဆုံး​နေရသည့်​ စစ်သခင်၏
အဖြစ်​။
တစ်​သက်​နှင့်​တစ်​ကိုယ်​ ရင်​ခုန်​သံဆို​သည်မှာ ဘာမှန်းမသိ​အောင်​ပင်​ ​တစ်​​ယောက်​ထဲ အသက်​ရှင်​လာခဲ့သည့်​ကာလတစ်လျှောက်
ထိုက​လေးကို​တွေ့ပြီးမှ ဘဝကြီးသိပ်​အထီးကျန်​​နေပါလား ဆိုသည်ကို သူတဖြည်းဖြည်း ရိပ်​မိလာခဲ့သည်​။
ဆိုင်​ဝတွင်​ရပ်​ကာ အိပ်​ငိုက်​​နေသည့်​ ထိုက​လေးအား
စစ်သခင်ငေး ကြည့်​​နေမိသည်​မှာအ​တော်​ကြာ​လေပြီ။
စာအုပ်​​လေးအား​ပေါင်​​ပေါ်တွင်​တင်​ကာ ထိုင်​ခုံလက်​တန်း​ပေါ်သို့ လက်​​လေး​ထောက်ရင်း ငိုက်​​နေရှာ​သော ထိုက​လေး​ကို စိတ်​ရှိတိုင်း​ပွေ့ဖက်​နမ်းရှိုက်​လိုက်​ချင်​မိသည့်​စိတ်ရိုင်းက တိုးဝင်လာတာမို့ ရင်ခွင်
ဟာလည်းတဒိတ်ဒိတ်။