အမုန်းမာန်တိုင် (part 22)
34.4K 2.4K 7
*စစ်သခင်ရဲ့ ချစ်ဘုရင်*
အပိုင်း ၂၈
"ဟိတ်ကောင်....အဲ့တာ မင်းဘိုး​တော်​မလား"
ဘေးနားက ရှင်းသန့်​၏တီးတိုး​မေးသံ​ကြောင့်​ ကျွန်တော့်
အကြည့်​တို့ကို ​ရှောင်​ဖယ်​လိုက်​ပြီး ရှင်းသန့်​ကို လှည့်​ကြည့်​လိုက်​သည်။
ကျွန်တော့်အားလက်တို့လာသည့် ရှင်းသန့်က...
"မင်းဘိုး​တော်​က ​တော်​​တော်​​ဖြောင့်​တာပဲကွ...မင်းကကံ​ကောင်းတာပဲ"
ရှင်းသန့်​အ​ပြော​​နောက်​တွင်​ ​ပါ​​မေက္ခချုပ်​ကြီး
နှင့်​ စကား​ပြောရင်း စာကြည့်​တိုက်​ဖက်​သို့​လျှောက်​လာ
သောသူ့အား ကြည့်​မိသည်​။
အဖြူ​ရောင်​ကုတ်​ဝမ်းဆက်​နှင့်​ ​ပြောင်​လတ်​​နေ​သော
နီညို​ရောင်​ လယ်​သာဖိနပ်​တို့က သူ၏ခန့်​ညားမှုကိုအ
ရောင်​တင်​လျက်​။
ကျောင်းအုပ်​ဆရာကြီးနှင့်​ စကား​ပြော​နေ​သော်​ငြား
ပြုံးရွှင်​မှုမရှိ တည်​မြဲတည်​​နေ​သော သူ့မျက်​နှာထားက
အခြားသူများနှင့်​မတူ အလွန်​ခန့်​ညား​​နေသလို။
မင်္ဂလာပွဲလဲမလုပ်​ခဲ့သလို ရုတ်​တရက်​ဆိုသလို လက်
ထက်​လိုက်​​သည်ကြောင့် ကျွန်တော်နှင့် လက်​ထပ်​လိုက်​သည်​က မည်​သူမည်​ဝါမှန်း တစ်​​ကျောင်းလုံးမသိ။
ဦးစစ်​သခင်​ အားတစ်​ခါသာမြင်​ဖူးသည့်​ ရှင်းသန့်​က
သာသိ​နေသည်​။
"ဟဲ့...အဲ့တာ စာကြည့်​တိုက်​လှူတဲ့ ကုမ္ပဏီပိုင်​ရှင်​လား"
"ဟုတ်​မယ်​ထင်​တယ်​...​ချောလိုက်​တာ​နော်​"
အနောက်ပါးမှ မိန်းခလေးတချို့၏ အသံတိုးတိုးဟာ နားစည်သို့မသိ
မသာ ရိုက်ခတ်လို့လာသည်။
"ဟုတ်​ပါ့ဟယ်​....ခတ်တည်တည်လေးနဲ့ ဆွဲ​ဆောင်​မှုရှိ​လိုက်​တာ...."
"ဒီ​လောက်​​ချောပြီး ဒီလောက်ချမ်းသာတဲ့သူမျိုးကို ရမယ့်​မိန်းမက​တော့ကံ​ကောင်းချက်ပဲ"
"ဟဲ့...သူ့ကြည့်​ရတာ မိန်းမရှိမယ်​နဲ့တူတယ်​...သူ့​နောက်​ကတစ်ယောက်က သူ့မိန်းမလားမသိဘူး...​တော်​​တော်​လှတယ်​"