အချစ်​နဲ့စစ်​ (part 1)
46.2K 3.3K 31
*စစ်​သခင်​ရဲ့ချစ်​ဘုရင်​*
အပိုင်း ၅
"​မေ​မေ့...မေမေ ဘာ​တွေပြော​နေတာလဲ...ဘာလို့အဲ့လူကြီးကသားကို"
စိုင်း နားကြားများလွဲလေသလား အထင်နှင့် တအံ့တသြအေးမိသည့်အခါ သူမက မျက်စိပျက်မျက်နှာနှင့် အဖြေထပ်ပေးလာ၏။
"သူ​ဌေး​လေးကအဲ့လိုပဲ​ပြောတယ်​သား...
သူသားကိုလက်​ထပ်​ပါရ​စေတဲ့...သားနဲ့သ​ဘောတူ
ပေးမယ်​​ဆိုရင်​ ဒီအိမ်​ဂရံ​လေးကို...ပြန်​...ပြန်​​ပေးမှာပါတဲ့...အ​ကြွေး​တွေအကုန်​လုံးကိုလည်း ​ချေ​ပေးမယ်​တဲ့"
*မဖြစ်​နိုင်​တာ...ဘာသ​ဘောလဲ...?*
"​တော်​ပါ​ ​မေ​မေရယ်​.....ဘာလဲ အဓိပ္ပါယ်မရှိတာကို....​မေမေ့သားက ​ယောက်ျား​လေ​ဗျ...​မေ​မေ​မွေးထားတာ ​ယောက်ျား​လေး​လေ..."
"ဟုတ်​ပါတယ်​...သူ​ပြော​ပြောချင်းတုန်းက ​မေ​မေလည်းအရမ်း
အံ့သြခဲ့တာ...​မေ​မေလည်းငြင်းပါ​သေးတယ်​....သားလက်​ခံမှာမဟုတ်​ဘူးဆိုတာလဲ​မေ​မေသိတယ်​......ဒါမဲ့...."
"​တော်​ပြီ...​မေ​မေ...အဓိပ္ပါယ်မရှိလိုက်တာ...သားတစ်ခြားနည်း
တစ်ခြားဟန်နဲ့ လုပ်ပါ့မယ်...ဒါတော့ လုံးဝမဖြစ်နိုင်လို့"
စိုင်း မိခင်​ဖြစ်​သူအား ​ကျောခိုင်းကာ အိမ်​ခန်းထဲသို့သာဝင်​လာခဲ့သည်​။
*ဘာလို့လဲ...ခများကြီး ကျ​နော့်​ကိုဘာလို့အခုလို့​တွေ
လုပ်​​နေရတာလဲ.......*
တရိပ်​ရိပ်​စီးကျ​နေသည့်​ မျက်​ရည်​တို့က ​ခေါင်းအုံး​လေး ထက်​တွင်​ ​နေရာယူကုန်​ကြသည်​။
*လက်​ထပ်​ရမှာလား...​ယောက်ျားတစ်​​ယောက်​ကို
ရက်​စက်​လွန်းပါတယ်​ကံကြမ္မာကြီးရယ်
...ဘာလို့များငါ့ကိုမှ.............*
+++++++++++++++
*​ဒေါက်​...​ဒေါက်​*
"ဝင်​ခဲ့"
သူ၏အမိန့်သံနောက်ဝယ် အလုပ်ခန်းတံခါးဟာ လတ်ခနဲ။
"သူ​ဌေး...​အောက်​မှာ ​ကောင်​​လေး​ရောက်​​နေတယ်​"