အချစ်ရဲ့လမ်းစ(part 4)
38K 2.8K 50
*စစ်​သခင်​ရဲ့ချစ်​ဘုရင်​*
အပိုင်း ၃၇
နာကျင်​ရသည်​...။
လွန်​ခဲ့တဲ့ ဆယ့်ခြောက်နှစ်​ကခံစားမှုမျိုး...။
အနားက​နေ ဘာသတင်း၊ဘာအမှန်​တရားမှ
မသိရပဲ ​ပျောက်​ဆုံးသွားတဲ့ သူ့​ကြောင့်​ ​နေ့​​နေ့ ညညငိုယိုမိတဲ့အထိ
လွမ်းခဲ့သည်​။
အမိ​မြေကို စွန့်​ခွာပြီး နှစ်​​ပေါင်းများစွာ စာ​တွေသင်​၊
ဘွဲ့​တွေယူခဲ့​ပေမဲ့ ဒီ​နေ့ဒီချိန်​ထိ တစ်​ရက်​မှ မ​မေ့နိုင်​ခဲ့ပေမဲ့
အခွင့်​ရေးဆိုတာ နှစ်​ခါမရဘူးပဲ။
မျက်​စိ​ရှေ့က မြင်​ကွင်းဟာကြည့်​နူးဖို့​ကောင်း​ပေမဲ့ နာကျင်​ရသည်​။
တစ်​​ယောက်​ကိုတစ်​​ယောက်​ ချစ်​ခြင်းအပြည့်​ပါ​သော
မျက်​ဝန်းများနှင့်​ ငေးစိုက်ကာကြည့်​​နေသည့်​ သူနှင့်​သူ၏​ကောင်​​လေး။
ကိုယ်​တိုင်​ သူ့ဒဏ်​ရာကိုကုသ​ပေးခဲ့​ပေမဲ့
သတိရလာတဲ့အချိန်​ အခြား​ဒေါက်​တာတစ်​​ယောက်​ကို
လက်​လွှဲခဲ့သည်​။
ကျွန်တော့် အတွက်​မဟုတ်​​တော့တဲ့သူ့ကို ထပ်​ပြီးရင်​ဆိုင်
ဖို့အင်​အားမရှိ​တော့တာမို့။
တံခါး၏တစ်​ဖက်​ခြမ်းက ကျွန်တော့်ကို​တော့ သူတို့မြင်
နိုင်​မည်​မဟုတ်​။
&&&&&&&&&&&
မိုးလင်းသည်​နှင့်​ အမြင်​ချင်​ရဆုံးမျက်​နှာ​လေးကို မျက်
လုံး​ရှေ့မှာ​တွေ့​နေရသည်​က ​ဒီမနက်​နှင့်​ဆို သုံးရက်​​မြောက်​။
လူနာ​စောင့်​ ဆိုဖာ​လေး​ပေါ်မှာ နှစ်​ခြိုက်​စွာ အိပ်​​မောကျ​နေတဲ့ ကျွန်တော့်ရဲ့ ကမ္ဘာငယ်။
ဘဝရဲ့ ဖြစ်​တည်​မှု။
အသက်​ရှင်​ ​နေထိုင်​​မှု။
နေ့စဉ်​ဘဝကို ဆက်​လက်​ဖြတ်​သန်း​နေ​သေးသည်​က သူ​လေး
တစ်​​ယောက်​​ကြောင့်​။
အ​ဖော်​မွန်​ကင်းမဲ့သည့်​ အထီးကျန်​ကျန်​ဘဝကြီးမှာ
နေခဲ့ရသည့် နှစ်​​ပေါင်းများစွာ။
အသက်​ ဆယ့်ခြောက်နှစ်ပြည့်​သည့်​​နေ့မှ စပြီး လက်​ရှိ အသက်​ သုံးဆယ့်နှစ်နှစ်​ထိစွန်းခဲ့ပြီဖြစ်သည့်ကာလတစ်လျှောက်။
ထိုဘဝကြီးမှာ ကျွန်တော် ဘယ်​လိုများ ရှင်​သန်​ခဲ့ပါလိမ့်​။
အရင်​က သတိမထားခဲ့မိ​ပေမဲ့ ယခုသာ က​လေးလေးအနား
မှာမရှိ​သော ယခင်​အချိန်​လို ပြန်​ဖြစ်​သွားခဲ့မည်​ဆိုလျှင်
ကျွန်တော့် အသက်​နှင့်​ခန္ဓာဆက်​၍တည်​ပါဦးမလား။