ချစ်​တဲ့ ဦး(part 4)
38.4K 2.1K 39
*စစ်​သခင်​ရဲ့ချစ်​ဘုရင်​*
အပိုင်း ၄၈
"က​လေး....မျက်​နှာလည်း မ​ကောင်းဘူး...ငိုထားတာလား"
အခန်း​ထောင့်​​လေးမှာ ​ခွေ​နေတဲ့ ကျွန်တော့် က​လေး​လေး
ဘာများဖြစ်​လို့ပါလိမ့်​။
မေးလိုက်​​တော့ မျက်​နှာကို ​မော့ကြည့်​လာရင်း ကျွန်တော့်
ပါး​ပေါ်အုပ်​မိုးလာတဲ့ လက်​သွယ်​သွယ်​​လေးတွေဆီက တုံယင်မှုက
သိသာလွန်းတယ်။
ပါးပြင်​ကို လက်​မ​လေးနဲ့ပွတ်​သပ်​​နေတဲ့က​လေးမျက်​ဝန်းထဲမှာ ဝမ်းနည်းရိပ်​တချို့က ထင်​ထင်​ရှားရှားရှိလို့နေတယ်။
ကျွန်တော့် ကို တစ်​ခုခု​ပြောချင်​​နေတာ။
"က​လေး...ဦးကို​ပြောစရာရှိ​နေတာလား...​ပြော​လေ..."
"ရပ်​တန့်​လို့မရ​တော့ဘူးလား...​နောက်​ကျသွားပြီလား"
"ဟင်​...?"
ဝဲတက်​လာ​သော မျက်​ရည်​တချို့ကို က​လေးရဲ့​မေးခွန်းနဲ့အတူ မြင်​လိုက်​ရ​တော့ ရင်​ထဲမှာဆစ်​ခနဲ။
သို့​သော်​ က​လေး ဘာ​ပြောမှန်းနားမလည်​။
"ဘာကိုလဲ က​လေး..."
ကျွန်တော့်ကို  ရုတ်​တရက်​သိုင်းဖက်​လာခြင်းနဲ့အတူ ခတ်အက်အက်
အော်ဟစ်သံလေးပေးလို့လာတယ်။
"ဦး...ဦးရယ်​...ဘာလို့...ဘာလို့လုပ်​ခဲ့တာလဲ...အဲ့ဒီဥပ​ဒေနဲ့ မလွတ်​ကင်းတဲ့ အလုပ်​ကို ဘာလို့များ....အဟင့်​..."
က​လေး...က​လေးသိ​နေခဲ့တာလား။
ဟင့်​အင်း...က​လေး မသိရပါဘူး...ကျွန်တော်
ဘယ်​တုန်းကမှမ​ပြောခဲ့ဘူး​လေ။
"က​လေး သိ​နေခဲ့တာလား...?"
ကလေးလက်တံတွေကြားကရုန်းထွက်ရင်း
ထိပ်​လန့်​တကြား​မေးမိ​တော့ ​ခေါင်းညိမ့်​ပြလာသည့်အခါ အသိတစ်ခုလုံးပြာခနဲ။
သွားပြီ...ကျွန်တော် ဘယ်​​တော့မှ အသိမ​ပေးဘူးလို့
ဆုံးဖြတ်​ခဲ့ပေမဲ့လို့။
"မရ​တော့ဘူးလား...ဟမ်​...ဘာမှဆက်​မလုပ်​ပဲ​နေလို့မရ​တော့ဘူးလား...အားလုံးကို ရပ်​တန့်​ပစ်​လိုက်​လို့ မရဘူးလား..."