အချစ်​ရဲ့လမ်းစ(part 2)
39K 2.8K 76
*စစ်​သခင်​ရဲ့ချစ်​ဘုရင်​*
အပိုင်း ၃၅
"အ​ရေး​ပေါ်လူနာ...အေသရီး မှာအ​ရေး​ပေါ်လူနာ
ရောက်​ပါတယ်​..."
နား​နေခန်းထဲရှိ အသံလွှင့်​စက်​မှ မြည်​လာ​သောအချက်ပေးသံ
ကြောင့်​ ​ဒေါက်​တာ ဥက္ကာ နှင့်​ အခြားသူနာပြုများ
အခန်းအပြင်​သို့​ပြေးထွက်​သွားကြသည်​။
အ​ရေး​​ပေါ်အ​ဆောင်​ အေသရီးသို့ ကတိုက်​ကရိုက်​​ပြေးရင်း
အ​ရေး​ပေါ်အခန်းနားတွင်​ ​တွေ့လိုက်​ရသည်​က
လူ​ငယ်​​လေးတစ်​​ယောက်​ အသည်းအသန်​ငို​နေ​လေ၏။
ထိုလူငယ်​​လေးအား နှစ်​သိမ့်​​နေ​သော ​ကောင်​​လေးတစ်​ဦး
ကိုလည်း အမှတ်​တမဲ့​တွေ့ခဲ့သည်​။
အ​ရေး​ပေါ်​ခန်းထဲသို့ ဝင်​ဝင်​ချင်း​တွေ့လိုက်​ရသည့်လူနာကြောင့် ဥက္ကာ
မျက်လုံးတွေပင်ပြာဝေသွားသယောင်။
*ညီ.......မင်းသန့်​....
သွေးချင်းချင်းနီရဲ​နေ​သော ဝမ်း​ဗိုက်​တစ်​​ပြင်​က ကျွန်တော့် နှလုံးသားကို အဘယ်​​ကြောင့်​ ဤမျှထိနာကျင်​​စေသနည်း....*
"လူနာဘာဖြစ်​တာလဲ..."
~~~~~~~~~~~
"ခများ​ကြောင့်​ အားလုံး​ခများ​ကြောင့်​ပဲ"
"ခများရှုပ်​ထားတဲ့ ဇာတ်​​တွေထဲမှာ ကျွန်တော် ပါဆွဲထည့်ခံရတာ "
"ကျွန်တော် ဘ​ယ်လောက်​ထိ​ကြောက်​ခဲ့ရလဲ ခများသိလား"
"ဟက်​ ခများက ဘယ်​သိမလဲ"
"ကျွန်တော့် အတွက်​ ဘယ်​​တော့မှ ထည့်​စဉ်းစား​ပေးတဲ့လူ
မှမဟုတ်​တာ"
"ခများလိုချင်​တစ်​ခုထည်းနဲ့ ကျွန်တော့် ကို အပိုင်​သိမ်းခဲ့တယ်​"
"ပတ်​ဝန်းကျင်​မှာ ကျွန်တော် ဘယ်လိုမျက်​နှာပြခဲ့ရလဲ ခများမသိဘူး"
"လူပုံအလယ်​မှာ ဘယ်လိုအရှက်​ရခဲ့လည်း ခများနားမလည်ဘူး"
"အခုလည်း ခများရဲ့အရှုပ်​ထုတ်​​တွေကြောင့်​ ကျွန်တော်ေ
သလုဆဲဆဲဖြစ်​ခဲ့ရတာ ခများအဲ့တာ​တွေ သိသင့်​တယ်​"