အချစ်​နဲ့စစ်​ (final)
44.8K 3.4K 42
*စစ်​သခင်​ရဲ့ချစ်​ဘုရင်​*
အပိုင်း ၆
အနက်​နှင့်ငွေ​ရောင်​စပ်​​ဖောက်​ထားသည့်​ ပိုးပုဆိုး၊
ငွေ​ရောင်​ စတစ်​အင်္ကျီတို့ကို ဝတ်​ဆင်​ကာ နက်​​မှောင်​​နေသည့်​ ဆံစတို့ကို ​နောက်​သို့​သေသပ်​စွာလှန်​ဖီးထားသည်​။
ဖြူ​ဖွေးနူးညံ့​နေသည့်​ ​ခြေ​ချောင်းရှည်​ရှည်​တို့နှင့်​ လိုက်​ဖက်​လွန်းသည့်​ အနက်​​ရောက်​ ကတ္တီပါဖိနပ်​။
အလုံးစုံ ပနံရကာ ပြီးပြည့်စုံနေသော အသွင်သဏ္ဍာန်နှင့်
အခန့်​ညားဆုံးပြင်​ဆင်​ကာ အကောင်းစား ခဲ​​ရောင်​ကား​ပေါ်မှဆင်းလာသည့်​ စစ်​သခင်​မှာအသက်​၃၂နှစ်​ဟုမထင်​ရ​လောက်​​အောင်​ နုပျို​ပြေပြစ်​ဆဲ။
နုံချာချာ တိုက်ပုအိမ်​​လေးထဲမှထွက်​လာ​သော်​လည်း
အဘယ်​​ကြောင့်​ အစွမ်းကုန်း ​ချော​မောနုနယ်​​နေသည်​မသိ​သော စိုင်း
အား စစ်​သခင်​​ငေး​နေမိသည်​မှာ အသက်​ပင်​ရှူမိရဲ့လား​တောင်​မ​သေချာ။
အဖြူ​ရောင်​စတစ်​​လေးနှင့်​ နီညို​ရောင်​ ချည်​ပုဆိုး​လေး
ကိုသာဝတ်​ဆင်​ထား​သော စိုင်းက စစ်​သခင်​၏မျက်​ဝန်းထဲတွင်​​တော့ မိုး​ပေါ်မှ ​ကြွေကျလာသည့်​ နတ်​သား​လေးအလား။
"သူ​ဌေး....."
".........."
တုံ့ပြန်ခြင်းမရှိသော မာန်ထက်၏ခတ်သာသာခေါ်သံ။
"သူ​ဌေး.."
"ဟမ်​...အာ.....အဟမ်း..."
မာန်​ထက်​နိုင်​မှ လက်​တို့ကာ ပြုံးစိစိဖြင့်​ သတိ​ပေး​နေသည်
ကြောင့်​ လူပျိုကြီး စစ်​သခင်​တို့ရှက်​ရမ်းရမ်းမိ​လေပြီ။
"​နောက်​ကျ​နေလိမ့်​မယ်​...သွားစို့"
မာထန်​ထန်​ ​ပြောကာ ကား​ပေါ်သို့ပြန်​တက်သွားသည့်​ စစ်​သခင်​အားကြည့်ရင်း ​​မာန်​ထက်​နိုင်​ ကြိတ်​ရယ်​မိသည်​။
စိုင်းနှင့်​​ဒေါ်နန်းမြလှိုင်​အား အတူ​ခေါ်ကာ ဘုန်းကြီး​ကျောင်းသို့ ဆွမ်းကပ်​သွားကြပြီးနောက်​တရားရုံးတွင်​ မင်္ဂလာလ​က်​မှတ်​ထိုးကြသည်​။
စိုင်း၏မိခင်​၊မာန်​ထက်​နိုင်​နှင့်​ တရားသူကြီးတို့က မင်္ဂလာသက်​​သေများပင်​။