အမုန်းမာန်​တိုင်​(part 13)
34.6K 2.5K 31
*စစ်​သခင်​ရဲ့ချစ်​ဘုရင်​*
အပိုင်း ၁၉
အသဲကွဲ​နေရတဲ့ကြားထဲ ဦးလာစား​နေ​သော
ထိုအမျိုးသမီးအား စစ်​သခင်​စိတ်​မရှည်​​တော့။
နဂိုထဲကလဲ စိတ်​မရှည်​တတ်​သူမဟုတ်​လား။
မျက်​​မှောင်​ကိုအစွမ်းကုန်​ကျုံ့ကာ ဘု​ထော​ထော
မေးလိုက်​​​တော့ အပြုံးမပျက်​သည့်​ ထိုအမျိုးသမီးက
ပို၍ပင်​ရယ်​သွားသည်​။
"မုန်း ကကိုစစ်​ရဲ့အ​ကြောင်းတချို့ကို
သိ​နေတဲ့သူဆိုပါ​တော့ ပြီး​တော့ ကိုစစ်​နဲ့မိတ်​ရင်း​​ဆွေရင်းထက်​ပိုတဲ့ရင်းနှီးမှုမျိုးရချင်​လို့"
ဘယ်လိုအဓိပ္ပါယ်​သက်​​ရောက်​​စေမှန်းမသိ​သော
ထိုအမျိုးသမီး ၏စကားများ။
ဘာသ​ဘောနှင့်​ အခုလိုလာ​ပြော​နေမှန်းလည်း​မသိ​။
သိစရာလည်းမလို။စစ်​သခင်​အတွက်​ ​လောကမှာ
မိတ်​​ဆွေအ​ပေါင်းအသင်းဆိုတာ မလိုအပ်​ဆုံး​သောအရာ။
"ငါ့အတွက်​ မိတ်​​ဆွေမလိုဘူး......မင်းတခြားသူကို သွားခင်
လိုက်​ပါ"
စိတ်​ပျက်​လက်​ပျက်​​ပြောကာ ခွက်​ထဲက လက်​ကျန်​အရက်​​လေးကို တစ်​ကျိုက်​ထဲ​မော့​သောက်​လိုက်​သည်​။
သူ့အသွင်ကိုကြည့်ရင်း သူမ ချသော သက်ပြင်းလေးလေး။
"ကိုစစ်​ကိုကြည့်​ရတာ...တစ်​ခုခုကို သိပ်​ခံစား​နေရသလိုပဲ...ဘာဖြစ်​​နေတယ်​ဆိုတာ မုန်း သိခွင့်​ရမလား"
*ဟာ..!.ဒီမိန်းမ ဘယ်လိုမိန်းမလဲ...မိတ်​​ဆွေဖြစ်​ခွင့်​​တောင်​ မ​ပေးပါဘူးဆိုတာကို ကို​ယ်​ရေးကိုယ်​တာကအစလာစပ်​စု​နေတယ်
ငါ​ပြော​နေတာ​တွေကို​ရော နားလည်​ရဲ့လားမသိ*
"ဆောရီးပဲ လေဒီ ငါမင်းနဲ့စကားစမြည်​​ပြောဖို့ စိတ်​မပါ
သေးလို့"
ဝတ်​ထားသည့်​ အုန်းခွံ​ရောင်​ကုတ်ရှည်ကြီး၏အတွင်းအိတ်​ကပ်​ထဲမှ အိတ်​ကိုထုတ်​ကာ ​ငွေရှင်းလိုက်​သည်​။
ထို့​နောက်​ ထိုင်​​ရာမှလှည့်​ထွက်​လာခဲ့သည်​။
*အသဲကွဲလို့အရက်​လာ​သောက်​ပြီး ​အေး​ဆေး​နေ​နေပါတယ်​ဆိုကာမှ ဘယ်လိုမိန်းမနဲ့လာနဲ့ လာ​တွေ့​နေမှန်းမသိဘူး*