အချစ်ရဲ့လမ်းစ(final)
36.9K 2.5K 84
*စစ်​သခင်​ရဲ့ချစ်​ဘုရင်​*
အပိုင်း ၄၄
ဆောင်းရာသီ၏ အ​အေးဓာတ်​တချို့က ပတ်​ဝန်းကျင်​တစ်​ဝှိုက်​ကို ခြုံမိုးလျက်​ရှိ၏။
တဖွဲဖွဲကျဆင်း​နေ​သော နှင်းမှုန်​များနှင့်​အတူ
အဖြူ​ရောင်​ ယုန်​​မွှေးဆွယ်​တာ​လေးကို ဂျင်းပြာ​ဘောင်း
ဘီနှင့်​တွဲဖက်​ဝတ်​ဆင်​ထားသည့်​ က​လေးငယ်​။
နှင်းစက်​တို့နှင့်​အပြိုင်​ ဖြူဥနုဖက်​​နေ​သော အသားအ​ရည်လေးက ထိရက်​တို့ရက်​ဖွယ်​မရှိ။
အေး​နေပါလျက်​ အမြဲလိုလို ပတ်​ဝန်းကျင်​ကို​ငေး​မော​နေတတ်​တဲ့
စိတ်​ထိ​ခိုက်​နေဟန်​ရှိ​သော က​လေးငယ်​​လေးအား ကျွန်တော်
အစွမ်းကုန်​နှစ်​သိမ့်​ရမည်​။
က​လေးစိတ်​ဆင်းရဲမှာကို ​သေရမှာထက်​​ကြောက်​တာမို့။
မကျဉ်းမကျယ်​၊ဆွဲ​ဆောင်​မှုပြည့်​ဝ​သော ​​နောက်​​ကျော
ပြင်​​လေးမှ အသာသိုင်းဖက်​ရင်း...
"က​လေး..."
က​လေးက အရင်​လိုမဟုတ်​​တော့ဘူး။
ကျွန်တော့်အပေါ် ခါးခါးသီးသီးမဖြစ်​​တော့သလို
ထိ​တွေ့ ဖက်​တွယ်​လိုက်​ရင်​လည်း မရုန်း​ဖယ်တော့။
ခတ်​​အေး​အေးဖြစ်​​နေ​သော ခန္ဓာကိုယ်​​သေး​သေး​လေးအား တင်း​နေ​အောင်​ဖက်​ထားလိုက်​ရင်း ပုခုံး​လေး​ပေါ်သို့ ​မေးတင်​လိုက်​သည်​။
ဦးရင်ခွင်ကြောင့် ကလေးနွေးထွေးပါစေ။
"အရမ်း​အေး​နေတာကို ဘာလို့ဒီမှာလာရပ်​​နေတာလဲ"
ခတ်​ကျယ်​ကျယ်​ခြံဝန်းထဲတွင်​ ​နေရာယူထား​သော
မြင့်​မားသည့်​ အိမ်​၏အ​ပေါ်ထပ်​ ဝရံတာဝယ် ​လေ​အေး​အေးတို့က တဟူးဟူး။
"​နေလို့​ကောင်းတယ်​​လေ..."
ခတ်​တိုးတိုးထွက်​လာတဲ့ က​လေးရဲ့ ​ဖြေသံ။
"ဖျားသွားမှ​ပေါ့"
ပိုတင်း​အောင်​ဖက်​ရင်း ဆိုလိုက်​​တော့...
"ဘာလို့လဲ...ကျွန်တော့် ဖျားရင်​ ခများအလုပ်​ရှုပ်​မှာစိုးလို့လား"
ခေါင်း​လေးအနည်းငယ်​​စောင်းကာ ​ပြောလာသည့်​က​လေး​လေးက
သေချာပေါက် နှုတ်ခမ်းဖျားလေးဆူလျက်ပေါ့။
မျက်​​စောင်းလှလှ​လေး လွင့်​ကျလာသည်​ကိုလည်း
ရိပ်​ခနဲမြင်​လိုက်​သလို။
ချစ်​ဖို့​ကောင်းလွန်း​သော ထိုက​လေးငယ်​​ကြောင့်
ကျွန်တော် လှိုက်​လှုက်​လှဲလှဲပြုံးမိရင်း...