အမုန်းမာန်​တိုင်​(part 7)
36.2K 2.6K 25
*စစ်​သခင်​ရဲ့ချစ်​ဘုရင်​*
အပိုင်း ၁၃
သူ့မျက်​နှာတွင်​ စိုးရိမ်​စိတ်​တို့ကြီးစိုး​နေမှန်း သိသာလွန်း​နေသည်​။ဒေါသတချို့လဲ​ရောယှက်​​နေကာ
စူးရဲ​နေသည့်​မျက်​ဝန်းများက သူ၏ပူပန်​မှုများကို ထင်
ရှားစွာ​ဖော်​ပြ​နေသည်​။
ကွဲအပ်​အပ်​အသံများက သိပ်​ကို​ပေါက်​ကွဲ​နေသည့်​ဟန်​။
"သူငယ်​ချင်း​တွေနဲ့ဆိုင်​သွားထိုင်​တာ...ဘာလဲ......မရဘူးလား"
သူစိတ်​ပူ​နေမှန်းသိ​သော်​လည်း ကျွန်တော် ခတ်​ရွဲ့ရွဲ့သာ
ပြောလိုက်​သည်​။
သူပူ​လောင်​​နေတာကို လိုချင်​တာမလို့။
"သွားမယ်​ဆိုလည်း​​ ဖုန်းဆက်​ပြီး​တော့​ပြောသင့်​တာ​ပေါ့...ဒရိုင်ဘာ
ကိုလည်း ဘာလို့ပြန်​လွှတ်​လိုက်​တာလဲ
ဦးဘ​ယ်လောက်​စိတ်​ပူ​နေမယ်​ဆိုတာ မ​တွေးမိဘူးလား....
ပြီး​တော့ ပြန်​လိုက်​ပို့တာဘယ်သူလဲ"
ကျွန်တော် မကြိုက်​တာ အဲ့တာ​တွေ။
ကျွန်တော့် ကို သူပိုင်​တယ်​ဆိုတဲ့ပုံစံမျိုးနဲ့အထက်​စီးက​ပြောတာ။
"မ​တွေးမိပါဘူး...​တွေးစရာလည်းမလိုဘူး...ကျွန်တော့်ဘဝကို ကျွန်
တော်ပိုင်တယ်....ကျွန်တော့်စိတ်​ကြိုက်​ရွေးချယ်​ပိုင်​ခွင့်​ရှိတယ်​...
ကျွန်တော့် ဘာသာ ဘယ်​သူနဲ့ဘယ်​သွားသွား ဘယ်​အချိန်​မှပြန်​လာပြန်​လာ ဘာ​တွေပဲလုပ်​​နေလုပ်​​နေ ခများအဲ့ဒီအထိ​တော့ လိုက်​ပြီးစီမံပိုင်​ခွင့်​မရှိဘူး"
ကျွန်တော့် လက်​​ကိုကိုင်​ထားဆဲ သူ့လက်​ကို ကြမ်းတမ်းစွာခါချရင်း အိမ်​​အ​ပေါ်ထပ်​သို့တက်​လာခဲ့သည်​။
သူဘယ်လိုကျန်ခဲ့မလဲ သိစရာမလိုဘူး။
အခန်းထဲသို့​ရောက်​​တော့ ဖုန်းကိုထုတ်​ကာကြည့်​လိုက်​သည်​။
ပါဝါပိတ်​​နေသည်​ပဲ။ည​နေထဲကဖြစ်​မည်​။
ဆိုင်​​ရှေ့မှာဖုန်းဆက်​ဖို့လုပ်​​လိုက်ပေမဲ့ ကိုသ​င်္ကေတ ​ရောက်​လာ
တာ​ကြောင့်​ ဖုန်းကိုဖွင့်​​တောင်​မကြည့်​မိလိုက်။
အားသွင်းကြိုးကိုယူကာ အားသွင်းရင်း ဖုန်းကိုဖွင့်
ကြည့်​လိုက်​​တော့ မစ်ကော်လ် နှစ်ဆယ့်ခြောက်ကြိမ်​ရှိ​လေသည်​။
contact name က U Sitt Thakin။
အားလုံးက ဦးစစ်​သခင်​၏ဖုန်းတွေချည်းပင်။
သူကျွန်တော့် ကိုအ​တော်​​လေးစိတ်​ပူ​နေသည်​ပဲ။