အမုန်းမာန်တိုင် (part 21)
35.4K 2.4K 56
*စစ်သခင်ရဲ့ ချစ်ဘုရင်*
အပိုင်း ၂၇
တဖြည်းဖြည်း ​ကျောင်းသားများ​လျော့နည်းကာသွား
သည်​​ကြောင့်​ တွိုင်းလတ် ထဲတွင်​ သူနှင့်​ကျွန်တော်သာ။
"ကျွန်တော်ပြန်တော့မယ်​"
ပြော​ပြောဆိုဆို လွယ်​အိတ်​ကို ဆွဲကာလှည့်​ထွက်​လာသည့်​ ကျွန်တော့်
့လက်​တစ်​ဖက်​ကသူ့လက်​ထဲတွင်​ ရုတ်​တရက်​နစ်​မြုပ်​သွားသည်​။
"ခဏ​လေး​နေဦး...."
ခြေလှမ်းများတုံ့ခနဲ ရပ်​ဆိုင်းသွားပြီးဖြစ်​သည်
ကြောင့်​ သူ့ကိုလှည့်​ကြည့်​လိုက်​​တော့...။
"ကိုယ်မေးစရာရှိတယ်​"
"ဘာ​မေးမှာလဲ..."
စိတ်​မရှည်​သလို ​မေးလိုက်​မိတဲ့အခါ သူကကျွန်တော့်
လက်​ကို ပို၍တင်းကျပ်​စွာဆုတ်​ကိုင်​လာသည်​။
စူးရှလာသည့်​ သူ့အကြည့်​များကိုမျက်​နှာချင်းမဆိုင်
ချင်​သည်​​ကြောင့်​ မျက်​နှာကို တစ်​ဖက်​သို့လွှဲထားလိုက်​သည့်အခိုက်။
"ကိုယ့်ကို ဘာအ​ကြောင်းပြချက်​နဲ့ ​ရှောင်​​နေတာလဲ"
"ဟာ...မ​ရှောင်​ဘူးလို့​ပြောပြီးပြီ​လေ ဘာလို့အဲ့တာပဲ
လာ​မေး​နေတာလဲ"
မေးခွန်းတစ်ခုတည်းကို ထပ်ကာထပ်ကာမေးတာလောက် ကျွန်တော်
စိတ်တိုတာမရှိ။
ပိုဆိုးသည်က အလဟတ်သတ်လိုက်ပက်သတ်နေသည့် ထိုလူကိုပို
၍ဒေါသဖြစ်ရ၏။
"မင်းတကယ်​ပဲ မသိဘူးလား"
မေးခွန်း​ပေါင်းစုံနှင့်​ ဘာ​ကြောင့်​ဦးလာစား​နေလည်းမသိ။
တကယ်စိတ်ရှုပ်လို့သေတော့မယ်ထင်ရဲ့...။မနက်ထဲက စိတ်တိုလာ
ရသည့်အထဲ။
"ဘာကိုလဲ"
"ကိုယ်မင်းကိုချစ်​နေတာ​လေ"
မကြားချင်​ဆုံးစကားကို ​ပြောလာ​လေပြီ။
ရိပ်​မိ​နေတာမို့သူ့ကို ​ရှောင်​​နေတာ။
"လွှတ်​​ဗျာ"
ကျွန်တော် အတင်းရုန်း​သော်​လည်းအချည်းအနှီး။