ချစ်​တဲ့ ဦး(part 2)
36.5K 2.3K 55
*စစ်​သခင်​ရဲ့ချစ်​ဘုရင်​*
အပိုင်း ၄၆
ကျွန်တော် တို့နှစ်​ယောက်​ရဲ့ ယနေ့အိမ်​အပြန်​လမ်း​လေးဟာ
သိပ်​ကိုကြည်​နူးဖို့​ကောင်း​နေသလို။
ည​မှောင်​ရီစပျိုးပြီမို့ လမ်းတစ်​​လျှောက်​မီးတိုင်​များကလည်း အစီအရီ။
လှုပ်​ရှား​သက်ဝင်နေ​သော ကားလမ်းမကြီးထက်​မှာ ကျွန်တော်တို့ကား
လေးလည်းအပါအဝင်​ဖြစ်၏။
အပြင်​လမ်းပေါ်သို့​ငေး​မော​နေတာကို ရပ်​လိုက်​ပြီး ကား​မောင်း​နေ​သော သူ့ပုခုံး​ပေါ် လှမ်းမှီလိုက်​​တော့ ခန့်ထည်လွန်းတဲ့အပြုံးတစ်ပွင့်နဲ့လှည့်ကြည့်လာပေးသူ။
"က​လေး​လေး...အိပ်​ချင်​​နေပြီလား"
"ဟင့်​အင်း..."
ခေါင်းရမ်းပြပြီး သူ့အား​မော့ကြည့်​နေလိုက်​တဲ့အခါ ကားကိုလမ်း​ဘေးထိုးရပ်​လိုက်သည့် ကျွန်တော့်ခင်ပွန်းသည်ကြီးဟာ ညလမ်းမီးရောင်
တွေကြားဝယ် ရူးမလောက်ခန့်ညားနေလွန်းတာ။
"ဘာ​ပြောချင်​လို့လဲ...?"
တထိတထိအပြုံးကြိးနဲ့ မေးလာတဲ့သူ့ကို အဖြေစကားမဆိုသေးပဲ
သူ့အင်္ကျီ​ကော်​လံစ​လေးအား ဆွဲယူလိုက်​ပြီး နှုတ်​ခမ်းထူထူတို့ကို ထိကပ်​လိုက်သည်​။
"ချစ်​တယ်​ လို့"
အံ့သြဝမ်းသာသွားသယောင် အကြည့်တွေနဲ့ကျွန်တော့်အား ​ငေး​မော​လာသည့်​သူမျက်​ဝန်းများက ညအ​မှောင်​ထဲတွင်​ ​တဖြတ်ဖြတ်
တောက်​ပ​နေသည်​။
"အွန်...?"
ထိုစဉ်​ ကျွန်တော့်ကို ခါးမှဆွဲ​ပွေ့ယူလိုက်​တာမို့
ရုတ်တရက်ဆန်ဆန် သူ့​ပေါင်​​ပေါ်သို့ဘယ်​လို​တောင်​​ရောက်​သွားမှန်း
ပင်မသိ။
ထို့​နောက်​ သူကနှုတ်​ခမ်းများနှင့်​ တဖန်​ထိ​တွေ့ခွင့်​​ပေးလာသည်​။
သူ့ လည်​ဂုတ်​အားသိုင်းဖက်​ပြီး အနမ်းတို့ကို တုံ့ပြန်​ရင်း မျက်လုံးကိုစုံ
မှိတ်ချလိုက်တဲ့အခါ ချိုမြိန်မူးယစ်စေတဲ့ သူ့နှုတ်ဖျားတွေကို ပိုလိုခံစား
လာရသည်။
"ပြွတ်"
တစ်​ချက်​တစ်​ချက်​ နှုတ်​ခမ်းတစ်ခုလုံးကို ဆွဲစုတ်​လာတဲ့အခါ အသည်းတို့က ဟာလာဟင်းလင်း။
ထွေးငုံထား​သော သူ့နှုတ်​ခမ်းများက ရင်​ခုန်​မှတ်​တို့
၏ အဓိက​သော့ချက်​။
မကြာသောအချိန်မှာ ကျွန်တော့်ခါးအား သိုင်းဖက်​ထား​သော သူ့လက်​များကသိသိသာသာလှုပ်​ရှားလာသည်​။