အချစ်ရဲ့လမ်းစ(part 8)
34.9K 2.3K 12
*စစ်​သခင်​ရဲ့ချစ်​ဘုရင်​*
အပိုင်း ၄၁
"ဟလို....ဟုတ်​ကဲ့ black diamond ကုမ္ပဏီက ဦးစစ်​သခင်​ပါ"
".............."
"....................................."
"ဟုတ်ကဲ့ thank you ပါ"
အလုပ်​ကိစ္စတချို့ ​ပြောကာ ဖုန်းချလိုက်​ပြီး
သက်​ပြင်း​မောတစ်​ခုကို ​လေးပင်​စွာချလိုက်​သည်​။
မျက်​ရိုးကို လက်​ချောင်းတို့ဖြင့်​ ဖိနှိပ်​ရင်း ထိုင်​ခုံ​နောက်​မှီသို့မှီချလိုက်​ပြီး ထိုင်​ခုံအား ​နောက်​သို့လှည့်​ကာမှန်​ပြင်​အပြည့်​ကာထားသည့်​ နံရံမှ အလင်း​ရောင်​တချို့ကို ခံစားလိုက်​သည်​။
*ဒေါက်​...​ဒေါက်​...*
တံခါး​ခေါက်​သံနှင့်​အတူ ချက်​ချင်​ပင်​တံခါးဖွင့်​သံကြား
လိုက်​ရတာ​ကြောင့်​။
"ဘယ်​သူမှဝင်​မလာနဲ့ကွာ....​ပြောစရာရှိတာ​နောက်​မှ​ပြော..."
"ကျွန်တော် ရောလား ....?"
က​လေး....ကလေးရဲ့အသံ....?
ခုံကို တစ်​ပတ်​ပြန်​လှည့်​ကာ တံခါးဆီသို့​မျှော်​ကြည့်​လိုက်​​တော့
ထင်​တဲ့အတိုင်းက​လေးဖြစ်နေလျက်။
"က​လေး....ဘယ်​လို​ရောက်​လာတာလဲ..."
"ဒီမှာ​လေ..."
လက်​ထဲက အပူခံတစ်​ဆင့်​ချိုင့်​​လေးအား​မြောက်​ပြကာ
ကျွန်တော့် ရုံးခန်းထဲက ဆိုဖာဆီသို့သွားထိုင်​​လေသည်​။
ကျွန်တော့်အတွက် ​နေ့လည်​စာလာပို့သည့်​ထင်​။
"ဦးရုံးမှာ စား​နေကျပါ က​လေးရဲ့....ဘာလို့ဒီအထိအပင်​ပန်းခံပြီးလာရတာလဲ"
သူ​လေးအနားသို့သွားကာ ဆိုဖာတွင်​ကပ်​ထိုင်​လိုက်​သည်​။
"လာချင်​လွန်းလို့မဟုတ်​ပါဘူး​နော်​...​အန်တီနန်းကလာပို့မလို့လုပ်​​နေလို့...ကျွန်တော် မြို့ထဲဝယ်​စရာ​လေးလည်းရှိတာနဲ့ လမ်းကြုံယူလာ​ပေးတာ..."
"​ဟော်​....ဒေါ်နန်းကလည်း ​ထွေ​ထွေထူးထူး​တွေလုပ်​လို့
ဒီမှာပဲ ထမင်းစားရင်​ရတာကို"