အမုန်းမာန်တိုင် (part 20)
36.4K 2.3K 17
*စစ်​သခင်​ရဲ့ချစ်​ဘုရင်​*
အပိုင်း ၂၆
"မင်းစိတ်​ဓာတ်​က ​အောက်​ဆုံးထပ်​မှာမှန်း ငါလုံးဝမသိခဲ့တာပဲ...ဒီမှာ ​အောင်​မင်း ငါ့ကို ဖြိုချင်​ရင်​ ငါပြိုလဲသွားနိုင်​မယ့်​ အရာတစ်​ခုရှိဖို့​တော့လိုတယ်​ကွ...မင်းမှာအဲ့​လောက်​ ဇ မှမရှိပဲ...ကိုယ့်​ကိုယ်​ကို ပြန်​သုံးသပ်​စမ်းပါ"
စစ်သခင်၏ ထိုးနှက်ချက်များက အောင်မင်းအားအထိနာစေတာအမှန်ပင်။
သို့သော်ငြား အောင်မင်း၏ဗီဇအတိုင်း ခတ်ပြုံးပြုံးသာဆိုသည်။
"​စစ်​သခင်​.....လူတစ်​​ယောက်​မှာ ​အားနဲ့ချက်​ကိုယ်​စီရှိကြတယ်ကွ...အဲ့ဒီအားနဲ့ချက်​ကိုဖျက်​စီးလိုက်​ရင်​ အဲ့ဒီလူက ဖျက်​စီးစရာမလိုပဲ သူ့အလိုလို ပျက်​စီးသွားမှာ...."
အောင်​မင်း၏ အလိုမကျဖွယ်​စကားများကို စစ်​သခင်​မျက်​​မှောင်​ကျုံ့ကာ ကြည့်​ရင်း.......။
"စစ်​သခင်​....စစ်​သခင်​...ငါ့ကို မင်းက​လျှော့တွက်​တာပဲ
မင်းရဲ့ တစ်​ခုတည်း​သောအားနည်းချက်​က....စိုင်းတိမ်​ယံထက်​ဆိုတဲ့ က​လေးသာသာ​ကောင်​​လေးဆိုတာ ငါသိပ်​သိတာ​ပေါ့ကွ...ဟားဟား"
"​ခွေးမသား..."
ဒေါသ​ကြောင့်​ ရဲတက်​လာသည့်​ စစ်​သခင်​၏မျက်​နှာ
နှင့်​အတူ အဆက်​မပြတ်​​သော ပြင်းထန်​သည့်​ လက်​သီးချက်​များက ​အောင်​မင်း၏မျက်​နှာ​ပေါ်သို့ကျရောက်ကုန်တော့သည်။
နှုတ်​ခမ်း​ထောင့်​နှင့်​ နှာခေါင်းထဲမှ အဆက်​မပြတ်​ဆီးကျလာသည့်​ ​သွေးစက်​များကို ဂရုမစိုက်​စွာ စစ်​သခင်​ရက်​တန့်​သွားခြင်းမရှိ​သေး။
"​ခွေးက​မွေးတဲ့​ကောင်​...မင်း ပါးစပ်​က က​လေးရဲ့နာမည်​ကို ​ခေါ်စရာဘာအ​ကြောင်းမှမရှိဘူးကွ..."
"သူ​ဌေး....သူ​ဌေး...​တော်​ပါ​တော့"
မာန်​ထက်​နိုင်​​နောက်​​မှရောက်​လာကာ တားဆီးသည့်
နည်းတူ ​စော​စောက တံခါးဝမှလူကလဲ​ပြေးလာပြီး တား​လေး​တော့သည်​။
သို့​သော်​ငြား မ​ကျေနပ်​နိုင်​​သေးသည့်​ စစ်​သခင်​က
နိုင်​ငံခြားဖြစ်​ အ​ကောင်းစားလယ်​သာဖိနပ်​နှင့်​ ​အောင်​မင်း၏ ခန္ဓာကိုယ်​အား အားကုန်​သုံးကာကန်​​နေ​လေသည်​။