အမုန်းမာန်တိုင် (part 24)
34K 2.3K 13
*စစ်​သခင်​ရဲ့ချစ်​ဘုရင်​*
အပိုင်း ၃၀
"​​အ​ဖေ...အ​ဖေ​ရေ....."
လက်​ထဲတွင်​ အရက်​ဖြူပုလင်း​လေးဆွဲကာ
ယိုင်​နဲ့နဲ့ ခြံစည်းရိုးအလယ်​မှ စိရုံစိထား​သော ခြံတံခါး
ကို တွန်းဖွင့်​ရင်း အော်​လိုက်​သည့်​ မင်းသန့်ဟူ​သောလူငယ်​။
"မင်းသန့်​​ရေ...မင်းအ​ဖေက​ ​ကျောင်းကပြန်​​ရောက်​ရင်
ဦးအိုက်​​ခေးတို့အိမ်​ကို လိုက်​လာခဲ့ဆိုပြီးမှာသွားတယ်​"
့ခြံ​ဘေးကပ်​လျက်​အိမ်​မှ ​အ​ဒေါ်ကြီးက လှမ်း​အော်​လိုက်​သည်​​ကြောင့်​ မင်းသန့်​ ခြံတံခါးပြန်​စိကာ ဦးအိုက်​​ခေးတို့အိမ်​သို့လျှောက်လာခဲ့သည်။
လောင်းကစား၊အရက်​၊ဖဲ စုံ​နေ​အောင်​လုပ်​​သော မင်းသန့်
့၏ဒုတိယဖခင်​မှာ အမြဲလိုလို ၎င်းအိမ်​သို့​ရောက်​​နေတတ်​သည်​။
ည​နေ​ကျောင်းဆင်းချိန်​တွင်​ ပ​ထွေးဖြစ်​သူအတွက်​ အရက်​ဝယ်​ကာ အိမ်​သို့ပြန်​လာချိန်​ အိမ်​တွင်​ရှိ​မနေလျှင်​ထိုအိမ်​သို့လိုက်​​ခေါ်ရစမြဲ။
လိုက်​​ခေါ်သည့်​အချိန်​တိုင်းလည်း မိုးမွန်​​အောင်​ အဆူအဆဲခံရစမြဲ။
ယခုလည်း ညအချိန်​အ​တော်​လင့်​​နေပြီဖြစ်​​သော်​ငြား မင်းသန့်​အိမ်​သို့မပြန်​ရ​သေး။
တစ်​ပွဲပြီးတစ်​ပွဲ ဆင်​နွှဲရင်း တစ်​ခါပြီးတစ်​ခါ ရှုံး​နေ
သော ပ​ထွေးဖြစ်​သူကို ရင်​​မော​မောနှင့်​ထိုင်​​စောင့်​​နေရသည်​။
"အ​ဖေ....အရမ်းမိုးချုပ်​​နေပြီ...ပြန်​ကြ"
"ဟာ......မင်းပါးစပ်​ကိုပိတ်​ထားစမ်းကွာ ဒီမှာရှုံး​နေပါတယ်​ဆိုကာမှ.....​အေ့..."
ရှုံးရင်း​သောက်​ ​သောက်​ရင်းရှုံး​ဖြစ်​ကာ အသိစိတ်​တို့က လွတ်​တစ်​ချက်​ ရတစ်​ချက်​။
နဂိုမရှိမဲ့ ရှိမဲ့ပိုက်​ဆံ​လေးပါသွားပြီိဖြစ်​ကာ အိမ်​က စက်​ပစ္စည်းအစုတ်​ကို​ပေါင်​ကာရလာ​သော ပိုက်​ဆံအချို့လဲကုန်​လုနီးနီး။
ဖဲဝိဇ္ဇာဟုနာမည်​ကြီးသည့်​ အိုက်​​ခေးဆို​သော လူကိုမှစိန်​​ခေါ်​လေသည်​ကို။
လိမ်​နည်း​ပေါင်းစုံဖြင့်​ ကလိန်​ကကျစ်​ကျကာ ကစားတတ်​သည့်​ အိုက်​​ခေးဆိုသူမှာ မ​ကောင်းတာမှန်​သမျှလုပ်​သည့်​သူ။
ပါသွားတာ​လေးများပြန်​ရလိုရငြား ​မျှော်​ရင်း အားတင်း
ကာ​ဆော့​နေရင်းမှ တစ်​ပြားမကျန်​​ပြောင်​သွားရသည့်​ လင်းထင်၏
အဖြစ်​။