အမုန်းမာန်​တိုင်​(part 19)
34.3K 2.2K 6
*စစ်​သခင်​ရဲ့ချစ်​ဘုရင်​*
အပိုင်း ၂၅
ပြောစကားစကားမရှိသည်​​ကြောင့်​ ကျွန်တော် နှင့်​သူမကြား
မှာ ခတ္တတိတ်​ဆိတ်​သွားချိန်​ ဖျတ်​ခနဲမြင်​လိုက်​ရသည့်
အိမ်​၏​လှေကား​ပေါ်က မြင်ကွင်းလေကြောင့်
ပြုံးလိုက်​မိသည်​။
"က​လေး...နိုးပြီလား"
ပြန်​မ​ဖြေပဲ ကျွန်တော် နှင့်​မျက်​နှာချင်းဆိုင်​တွင်​ထိုင်​လိုက်​သည့်​ က​လေးက သိပ်​ကိုအပြစ်​ကင်းကာ ချစ်​ဖို့​ကောင်း​နေပြန်တယ်။
နေ့စဉ်​​ကျောင်းသွားတိုင်း ဝတ်​ဆင်​ရသည့်​ အဖြူ​ရောင်​ ရှပ်လက်​ရှည်​​လေးနှင့်​ ပုဆိုးနက်​ပြာ​ရောင်​​ရိုးရိုးလေးကိုက ကျွန်တော့် အတွက်တော့ မရိုးသွားနိုင်​တဲ့အမြင်ဆန်း​နေဆဲ ပုံစံ​လေးပင်​။
ငွေရောင်နှင့်ခရမ်းရောင်​​ရောစပ်​​နေသည့်​ ခတ်​အုပ်​အုပ်​ဆံနွယ်​​လေးများနှင့်​လည်းအလွန်​လိုက်​ဖက်​လွန်းသည့်​ က​လေးငယ်​ရယ်​ပါ။
"ဥက္ကဌရဲ့ခင်​ပွန်းဆိုတာထင်​တယ်​....​တွေ့ရတာဝမ်း
သာပါတယ်​ အစ်မက ဂမုန်း​မေ...ဥက္ကဌ ရဲ့အတွင်း​ရေးမှူးပါ"
ဂမုန်း​မေက ဦးစွာ က​လေးအားနှုတ်​ဆက်​​လေရဲ့။
"ခများရဲ့ အတွင်း​ရေးမှူးက ကိုမာန်​ထက်​နိုင်​မဟုတ်
ဘူးလား..."
က​လေးအ​မေး​ကြောင့်​ နှုတ်​ခမ်းနား​ရောက်​ဆဲ ကော်ဖီခွက်ကို ရပ်​တန့်
့ကာ အဖြေပေးမိသည်။
"အင်း...ဟုတ်​​တော့ဟုတ်​တယ်​ ကလေးရဲ့ ဒါမဲ့
မာန်​ထက်​ကအရင်​အလုပ်​​တွေကိုတာဝန်​ယူ​နေရတာမလို့ ဦးအနား
မှာ အချိန်​ပြည့်​မ​နေနိုင်​​တော့ဘူး​လေ...အဲ့တာ​ကြောင့်
အတွင်း​ရေးမှူးအသစ်​ခန့်​လိုက်​တာ"
န​ဘေးမှ ထွက်​လာသည့်​က​လေးရဲ့အသံ​ကြောင့်
အံ့သြ​လောကြီးစွာပြန်​​ဖြေလိုက်​မိသည်​။
က​လေးက ကျွန်တော့်ကိုဆို ထိုကဲ့သို့ စကားစမြည်​စ၍​ပြောဆိုခြင်းမရှိ
ခဲ့ဖူးသည်​​လေ။
"အိမ်​မှာအလုပ်​ကိစ္စရှိလို့လား"
"ရှင်​...?"