အမုန်းမာန်​တိုင်​(part 2)
42.2K 2.9K 16
*စစ်​သခင်​ရဲ့ချစ်​ဘုရင်​*
အပိုင်း ၈
"ထွက်​သွား အခုချက်​ချင်း"
ခန်းနားထည်ဝါလှသော အိမ်ကျယ်ကြီး၏ ဧည့်ခန်းအတွင်းမှ ထွက်ပေါ်လာသည့် စစ်သခင်၏ဒေါသံသံဟာ ဟိန်းခနဲ။
"​တောင်းပန်​ပါတယ်​ သူ​ဌေး...​တောင်းပန်​ပါတယ်​​ဗျ
နောက်​မဖြစ်​​စေရဘူး"
ဒူးတုတ်ဝတ်တွားလျက် ရှိခိုးတော့မည့်အလား တုန်ယင်နေသော
ရှေ့မှောက်ရှိလူဟာ သွေးပျက်တော့မည့်ပုံစံ။
"ငါတို့လုပ်​​နေတာဘာအလုပ်​လဲ မင်းမသိတာလား"
"မဟုတ်​ပါဘူး​ဗျ...သိ..သိပါတယ်​...ကျ​နော်​မဆင်​မဆင်​လုပ်​လိုက်​မိ..."
*ခွပ်​*ထိုသူ၏ တိုးလျှိုး​သော စကားမဆုံးခင်​ပင်​ လှစ်​ခနဲ
ကျ​ရောက်​သွားသည့်​ စစ်​သခင်​၏လက်​သီးချက်​ဟာ ချက်ချင်းသွေး
ဆို့လာရသည်အထိ အားပြင်းသယောင်။
"မင်းအဲ့​လောက်​​တောင်​ ဦး​နှောက်​မရှိဘူးလား..​တွေ့ကရာလူနဲ့ထည့်​​ပေးလိုက်​ရ​အောင်​ ငါဝယ်​ခိုင်းလိုက်​တာ ကန်​စွန်းရွက်​မဟုတ်​ဘူး...
မင်းဘယ်​​လောက်​တက်​နိုင်​​နေလို့လဲ ဟမ်​......
မင်းမှာ ပြန်​​လျော်စရာဘယ်​နှစ်​ပြားရှိ​နေလို့လဲ....."
".........."
အမှားပြုမိသည်ကြောင့် ထိုလူဟာ နှုတ်ဆိတ်ရုံ တောင်းပန်ရုံအပြင်
မတတ်နိုင်တော့။
"ဟမ်​...ဟိတ်ကောင် ​ဖြေ​လေမင်း...."
"ကျွန်တော် မှားသွားပါတယ်​​ဗျ...ကျွန်တော်.."
"မှားသွားတယ်​ဆိုတိုင်းနဲ့ပြီး​ရောလား....ငါဘယ်​​လောက်​ထိရင်းထားရလဲ မင်းသိလား...ဟမ်"
စိုင်း၏အိပ်​ခန်းမှာ အလုံခန်းဖြစ်​​နေတာ​တောင်​ အသံတချို့ကြားရ​လောက်​သည်​အထိ ကျယ်​​လောင်​​နေသည့်​ စစ်​သခင်​​ကြောင့်​ စိုင်း အခန်းမှထွက်​ကာ အိမ်​​အောက်​ထပ်​သို့လှမ်းကြည့်​မိသည်​။
"အဲ့လို အချိုးမျိုးနဲ့ ငါ့ဆီမှာအလုပ်​လုပ်​လို့ရမယ်​ ထင်​​နေလို့လား..."