ချစ်​တဲ့ ဦး(part 3)
34.4K 2.1K 57
*စစ်​သခင်​ရဲ့ချစ်​ဘုရင်​*
အပိုင်း ၄၇
ကျွန်တော် ချက်​​ကျွေးတဲ့ ထမင်းဟင်းကိုမှ စားချင်​တာဆိုတဲ့ က​လေး​လေးအတွက်​ မီးဖို​ချောင်​ထဲမှာ ဟို​ပြေးဒီ​ပြေးအလုပ်များနေရသည်။
က​လေးနဲ့ နှစ်​​ယောက်​လွတ်​လွတ်​လပ်​လပ်​​နေချင်​တာမို့
အိမ်​က အလုပ်​သမားအားလုံးကိုလည်း နားရပ်​​ပေးထားသည်​။
အ​မေကလည်း ရက်​ရှည်​တရားစခန်းဝင်​​နေတာမို့
အိမ်​မှာ ဘယ်​သူမှမရှိ။
နေ့လည်​ ရုံးဆင်းချိန်​မို့ အိမ်​ခဏပြန်​လာတဲ့ မာန်​ထက်​ကလွဲလို့​ပေါ။
ငါး​ပေါင်းထားတာမို့ ရပ်​​စောင့်​​နေတုန်း ​နောက်​​ကျောက​နေ လာဖက်​ပြီး ကပ်​တွယ်​​နေတဲ့ ​ပေါက်​စကြောင့် ပြုံးမိပြန်တယ်။
"​ဗိုက်​ဆာ​နေပြီလား"
"ဟင့်​အင်း..."
ကျွန်တော့် ​နောက်​​ကျောကိုမှီကပ်ရင်း ​ပြော​နေသည်​​ကြောင့်
နောက်​ကိုလှည့်​လိုက်​ကာပြန်​ဖက်​လိုက်​​တော့ ရင်​ခွင်​ထဲမှာမြှုပ်​ကနဲ။
ငွေ​ရောင်​ ဆံနွယ်​ပွပွ​လေးကို အမြတ်တနိုး နမ်းရှုံ့လိုက်​တဲ့အခါ ကျွန်တော့် ကိုပို၍တိုးဖက်​လာသည်​။
"​ကျောင်း​ပြေး​လေး"
ပါးနုနု​လေးအား တို့ရင်း​ပြော​တော့ ရယ်​သံသဲ့သဲ့​လေးထွက်​လာသည်​မို့ ရင်​ခုန်​ရပြန်​၏။
ကျွန်တော် ဒီ​နေ့ ရုံးနားတာမို့ ကျွန်တော် နဲ့အတူတစ်​​နေကုန်​ရှိမယ်​ ဆိုကာ ​ကျောင်းမသွားသည့်​ ဂျစ်တူးလေး။
သူ့ပါး​လေးအား ပွတ်​သပ်​ရင်းချော့မြူတဲ့အခါ မျက်လုံးရွဲကြီးတွေနဲ့
မော့ကြည့်​လာတာမို့​မေး​ငေါ့ပြမိတော့...
"နမ်း..."
မျက်​လုံး​လေးမှိတ်​ကာ ​မော့​ပြော​နေတဲ့ သူ​လေး​ကြောင့်​လူက ရူးဖို့ဘယ်​​လောက်​မှမလို​တော့။
ခါးသွယ်သွယ်မှသိုင်းကာ​ပွေ့ရင်း တစ်​ဖက်​သို့လှည့်​၍ မီးဖိုခုံ​ပေါ်
သို့မတင်​လိုက်​​တော့ လက်​ထဲမှာ ​ဆွေ့ခနဲ ပါလာ​လေရဲ့။
"​အမ်​"
ရုတ်​တရက်​ မ​,တင်​လိုက်​တာမို့ မျက်​လုံးဝိုင်း​လေးနှင့်​ ကြည့်​​လာပေမဲ့ ချက်​ချင်းဆိုသလိုပြန်​မှိတ်​ချသွားပြန်သည်​။
ခါးသွယ်​သွယ်​အား သိမ်းကျုံးလို့သိုင်းဖက်​ရင်း ပန်းရောင်သွေးသွေး
နှုတ်ဖျား လှလှကိုထိ​တွေ့မိ​တော့ ရင်​ခုန်​သံတို့ကသိသိသာသာမြန်​လာ၏။