အချစ်ရဲ့လမ်းစ(part 7)
35.1K 2.2K 21
*စစ်​သခင်​ရဲ့ချစ်​ဘုရင်​*
အပိုင်း ၄၀
"​ဒါ​လေးတော့ ကုန်​​အောင်​​သောက်​လိုက်​ပါ..."
"မဝင်​​တော့ဘူး က​လေးရဲ့...ဆန်​ပြုတ်​ကြီးက အီလည်​လည်​နဲ့"
"နှစ်​ဇွန်းသုံးဇွန်းနဲ့ ဆေးဘယ်​လို​သောက်​မှာလဲ....ခများက​လေ အရမ်းလက်​​ပေါက်​ကပ်​တာပဲ..."
နှုတ်​ခမ်း​လေး ဆူကာ ​ပြော​နေ​သည့်​ က​လေးငယ်​​ကြောင့်​ ကျွန်တော်
ရူးရပါ​တော့မယ်​။
အသားနမ်းချင်းနဲ့ ပြုတ်​ထား​သော်​ငြား ဘယ်​လိုမှစား
ချင်​စဖွယ်​မဖြစ်​​သော ဆန်​ပြုတ်​ကို ​ဆေး​သောက်​ဖို့ရာအတင်းတိုက်​​နေ​လေသည်​။
တစ်​ဇွန်းစားပြီးထဲက ထပ်​မစားချင်​​တော့​သော်​လည်း
အတင်းဂျီတိုက်​​နေ​သော က​လေး​လေး စိတ်​ချမ်းသာ​အောင်​ ကြိတ်​မှိတ်​စား​နေရသည်​။
ယခုလည်း ​တော်​ပြီဟု ​ပြောလိုက်​​တော့ဆူပုတ်​​နေ​ပြန်လေရဲ့....။
"​ရော့ပါ​ဗျာ...ခများက လိမ္မာရဲ့သားနဲ့...​သောက်​လိုက်
သုံးဇွန်းပဲ ​နောက်​ထပ်​သုံးဇွန်း...​နော်​"
ကျွန်တော့်မျက်​နှာအား တန်း​နေ​အောင်​ကြည့်​ကာ လိုချင်တာ
ပူဆာ​သော က​လေးငယ်​​လေးလို ​​​ပြော​နေပုံက ကိုက်စားပစ်ချင်စ
ဖွယ်အသည်းယားဖို့ကောင်းနေ၏။
မျက်ဝန်းဝိုင်းလေးတွေနဲ့ ချော့မောနေပုံလေး​ကြောင့်​ တစ်​ချက်​ရယ်​မိရင်း ​ခေါင်းညိမ့်​ပြလိုက်​​တော့ ကျေနပ်သလိုလှိုက်ခနပြုံးပြန်သည်။
ဒီကလေးကြောင့် နှလုံးခုန်မှားကာ ဆေးရုံပြန်တက်ရကိန်းရှိ၏။
အခွင့်အရေးရသည်နှင့် ဆန်​ပြုတ်​တို့ကို ဇွန်းနှင့်​အလျှံအပယ်​ခတ်​ကာ မှုတ်​နေ​လေပြန်တယ်။
မောင်စိုင်းတိမ်​ယံထက်​ တို့များ လည်​ချက်​ကနှစ်​​ယောက်​မရှိ။
နောက်​ထပ်​သုံးဇွန်း၊​ နောက်​ထပ်​သုံးဇွန်းနှင့်​ သုံးဇွန်း
ပေါင်းများစွားဖြင့်​ ကျွန်တော့် အား ဂျီတိုက်​ကာ ဆန်​ပြုတ်
ပန်းကန်​မှာ ​ပြောင်​စင်​သွားသည့်​အထိ။
လူလည်း ​တော်​​တော်​ကို အီ​ဆောင့်​​နေ​လေပြီဖြစ်ပေမဲ့ဘယ်​တက်​နိုင်​ပါ့။
က​လေးဆိုး​လေးကို ယူထားမိမှ​တော့ ကိုယ်​ကပဲအ​လျှော့​ပေးရမှာ​ပေါ့။