အမုန်းမာန်တိုင် (part 1)
45K 3.1K 26
*စစ်​သခင်​ရဲ့ချစ်​ဘုရင်​*
အပိုင်း ၇
စိုင်းမနက်​​ကျောင်းသွား​တော့ ကားဖြင့်​ဒရိုင်ဘာနှင့်အတူသွားရသည်​။
မိမိဘာသာသွားမည်​ဟုဆို​သော်​လည်း စစ်​သခင်​က အတင်းလွှတ်​လိုက်​သည်​​ကြောင့်​စိတ်ရှုပ်ရှုပ်နှင့်သာလက်ခံလိုက်ရသည်။
ကျောင်းထဲသို့ဝင်​လိုက်​သည်​နှင့်​ လူအချို့၏မျက်​လုံးများက စိုင်းထံသို့​ရွေ့လျားလာကြ၏။
"ဟဲ့...အဲ့တာငါ​ပြောတဲ့ တစ်​​ယောက်​​လေ...အသက်​ကြီး
ကြီး ဘိုး​တော်​ကြီးကို အပိုင်​ချိုင်​ပစ်​လိုက်​တာတဲ့"
"​​အေး​ပေါ့ ရုပ်​​လေးကလည်း ​ကြွေချင်​စရာပဲကို သက်​ကြားအိုကြီး​တေက​​ကြွေမှာ​ပေါ့"
ထိုမိန်း​က​လေးသုံးဦးက တိုးတိုးတိတ်​တိတ်​ အတင်း​ပြော​နေ​သော်​လည်း နားပါးသည့်​ စိုင်းကကြားဖြစ်​​အောင်​ကြားလိုက်​​သေးသည်။
ဗူး​ပေါက်​တစ်​ရာပိတ်​လို့ရမယ်​ ပါးစပ်​တစ်​​ပေါက်​ပိတ်
ဖို့ခက်​တယ်​ ဆိုတဲ့စကားသိပ်​မှန်​​လေသည်​။
အ​ကြောင်းစုံကို​ရေ​ရေရာရာမသိပဲ လူတစ်​​ရောက်
အပုတ်​ချ​နေကြသည့်​လူ​တွေလည်း သိပ်​စိတ်​ပျက်​ဖို့
ကောင်း​လေသည်​။
စိုင်း၏မိခင်ကိုလည်း ရပ်​ကွက်​ထဲကလူ​တချို့က ထိုကဲ့သို့​သောမျက်​လုံးများဖြင့်​ကြည့်​​နေကြသေးသည်​။
'သား​ချော​ချော​လေး ကို​ဗန်းပြပြီး သူ​ဌေးဆီကို​ရောင်းစားတဲ့မ​အေ'
ရယ်​လို့ မညှာမတာ​ပြောကြသည်​တဲ့။
သူမကစိုင်းကိုမ​ပြော​သော်​လည်း ရပ်​ကွက်​ထဲက သတင်းမှန်​သမျှသယ်​တဲ့ မပုတုပြောပြသည်ကြောင့် စိုင်းပြန်ကြားရခြင်း။
မနက်​က​ကျောင်းမ​ရောက်​ခင်​ ​သူမအားကို​တွေ့ချင်သည်နှင့်
အိမ်​ကိုဝင်​ရင်း အိမ်​လမ်းထိပ်​မှာ မပုတုနှင့်​​တွေ့ခဲ့သည်
ကြောင့်​ ပြန်​သိရခြင်းဖြစ်သည်။
*​မေ​မေဘယ်​​လောက်​စိတ်​ဆင်းရဲ​နေမယ်မသိ*
အခန်းထဲသို့ဝင်​လာချိန်​၌လည်းထိုနည်းတူပင်​။
တစ်​​ယောက်​နားတစ်​​ယောက်​ကပ်​ကာ တီးဆို​ပြောဆို​နေမှုများလည်းရှိကြသလို ​ယောက်ျား​လေးအချို့မှာ ကျက်​သ​ရေတုံးသည်​ ဆို
သောမျက်​လုံးများဖြင့်​ပင်​ကြည့်​ကြသည်​။