အမုန်းမာန်​တိုင်​(part 8)
35K 2.7K 23
*စစ်​သခင်​ရဲ့ချစ်​ဘုရင်​*
အပိုင်း ၁၄
"ညီ......"
"ဗျာ...?.​အော...ဟုတ်​အစ်ကို"
"ဘာ​တွေအဲ့​လောက်​စဉ်းစား​နေတာလဲ...ကို​ယ်ပြောတာ
ရောကြားရဲ့လား"
"ဟုတ်​...ကြားပါတယ်​..."
တကယ်တော့ စိုင်းမှာကြားတစ်ချက်မကြားတစ်ချက်။
အတွေးက တောင်ပြေးမြောက်ပြေးနှင့်ပတ်ဝန်းကျင်ကိုလှစ်ခနဲမေ့
သွားသေးသလားမပြောတတ်။
"အာ့ဆို ကိုယ်လိုက်​ပို့မယ်​​လေလို့ ​နော်​..."
သင်္ကေတကလည်း လက်ပေါက်ကပ်လှသလို အရေးထဲ
ဘေးတွင်​ထိုင်​​နေသည့်​ ရှင်းသန့်​​မောင်​ က စားပွဲကို
တဒုန်းဒုန်းထုလိုက်​၊​​​ဘောပန်​ ​တို့ကို ပစ်​ချလိုက်​၊
တကျွတ်​ကျွတ်​ နဲ့အသံ​တေထွက်​လိုက်​နဲ့ ဘာ​တွေအလိုမကျဖြစ်​​နေသည်​မသိ။
ပြာလဲ့ချို တို့ကလဲ ရှင်းသန့်​​မောင်​ ကိုနားမလည်​သလို
ကြည့်​​နေကြသည်​။
စိုင်းတို့ စကားဝိုင်းကိုတော့အလိုက်သိသယောင်ဝင်၍မစွက်ကြ။
"ဟို...ကျွန်တော် အိမ်​ကကားနဲ့ပဲပြန်​လိုက်​​ပါ့မယ်​...
တခြား သွားစရာ​လေးလည်းရှိ​သေးလို့ "
စိုင်းက ငြင်းလိုက်​​တော့ သ​င်္ကေတ မျက်​နှာချက်​ချင်း
ညှိုးကျသွားသည်​။
နှုတ်​ခမ်းပါဆူထွက်​လာသည့်​ပုံစံကလိုချင်​တာမရလို့ စိတ်​​ကောက်​သွားသည့်​ က​လေးတစ်​​ယောက်​လို။
"အင်းပါ...​ညီ့​သ​ဘော...​နောက်​တစ်​ခါဆိုရင်​​တော့ မငြင်း​ကြေး.....ကိုယ်သွား​တော့မယ်​"
လွယ်​အိတ်​ထလွယ်​ကာ ​ပြောလိုက်​ သ​င်္ကေတ ကို
စိုင်းပြုံးကာ ​ခေါင်းညိမ့်​ပြလိုက်​သည်​။
"သွားပြီ​နော်​"
ကျန်​သုံး​ယောက်​ကိုပါ နှုတ်​ဆက်​လိုက်​သည်​​ကြောင့်
ပြာလဲ့ နှင့်​ ​နေသူလှိုင်​ တို့ကပြုံးပြလိုက်​ကြသော်လည်း
ရှင်းသန့်​​မောင်​ က​တော့ မျက်​နှာကြီးဆူပုတ်​လျက်​။
သ​င်္ကေတ ထွက်​သွား​တော့မှ ဆူပုတ်​​နေသည့်​မျက်​နှာ
ကြီးဖြင့်​ ​လေပူတို့ကို မှုတ်​ထုတ်​လိုက်​သည့်​ ရှင်းသန့်​​မောင်​ ကို အားလုံးကတထူးတဆန်း။