အချစ်ရဲ့လမ်းစ(part 10)
34.6K 2.1K 18
*စစ်​သခင်​ရဲ့ချစ်​ဘုရင်​*
အပိုင်း ၄၃
ဒရိုင်ဘာထိုင်​ရာ ခုံတွင်​အတူထိုင်​​နေ​ကြသော ကျွန်တော်
နှင့်​ဦးစစ်​သခင်​။
ထိုခုံတစ်ခုံတည်းတွင်​နှစ်​​ယောက်​အတူထိုင်​ကာ သူ့ရင်​ခွင်​ကျယ်​ကြီး
ထဲ၌ မြုပ်​​နေသည့်​ကျွန်တော်။
နီးကပ်​လွန်း​နေ​သော အ​နေအထား​ကြောင့်​ ရင်​ခုန်​သံ
တို့ကထိန်းမရ။
ကား​မောင်းသင်​ရမည်​မလို့ ​ကြောက်​တာကတစ်​​ကြောင်း
သူ့ရင်​ခွင်​ထဲတွင်​ရှိ​နေသည်​ကတစ်​​ကြောင်း စိတ်​တို့လှုပ်​ရှားလွန်းကာ လက်​တို့ပင်​ကတုန်​ကယင်​ပင်ဖြစ်ရသည်။
စတီယာဝှီးပေါ်က ကျွန်တော့် လက်​တို့ကို အုပ်​မိုး
ဆုတ်​ကိုင်​လာသည့်​ သူ့လက်တွေဆီက
နွေး​ထွေးမှုတို့ကိုခံစားလိုက်​ရသည့်​အပြင်​ အင်​အားတို့ပင်​ရှိလာသလို။
"က​လေး...ဘာမှ​ကြောက်​စရာမလိုဘူး...စက်​နိုး ဂီယာ
ချိန်းပြီးရင်​ လီဗာ နင်းပြီးသွား​နေရုံပဲ...တစ်​ခုခုဆို ဘရိတ်​ကိုသာဖိနင်းလိုက်​....အိုကေ..?"
"ဟူး......."
လေပူ တစ်​ချက်​ခတ်​ပြင်းပြင်း မှုတ်​ထုတ်​ရင်း ​ခေါင်း
ညိမ့်​ပြလိုက်​​တော့...
"စက်​နှိုးလိုက်​..."
"ထွက်​သွားမှာလား..."
သူ့အားလှည့်​ကြည့်​ရင်း မျက်​နှာငယ်​​လေးနဲ့​မေး​တော့ အခန့်ညားဆုံး
အပြုံးတစ်ပွင့်နှင့်ပြန်ပေးသောအဖြေ။
"မထွက်​ဘူး​လေ က​လေးရဲ့ ဂီယာချိန်းမှထွက်​တာ...မ​ကြောက်​နဲ့ နှိုးလိုက်​..."
စိတ်​ကို​လျော့ကာ ကား​သော့ကို တစ်​ချက်​ဆွဲလှည့်​လိုက်​​တော့ ခတ်​ဆူဆူအသံနှင့်​အတူ စက်​နိုးသွားသည်​။
ထို့အခါ သူက ဂီယာဘယ်​လိုချိန်းရမယ်​ ဆိုတာကိုသင်​ပြ
ပြီးနောက် စထွက်​ရန်​ပြင်​​တော့သည်​။
မရဲတရဲနိုင်စွာ လီဗာ ကို နင်းလိုက်​သည်​နှင့်​ ဝုန်း ခနဲထွက်​သွားသည့်​ ကားက ကမူးရှူးထိုးနိုင်လွန်းစွာ။
"အား...."
ကျွန်တော့် အော်​သံနှင့်​အတူ ဦးစစ်​သခင်​မှာ ကျွန်တော့်ကိုယ် အား​နောက်​မှ ဖက်​ထား၍ ဘရိတ်​ကိုအ​ပြေးနင်းရ​တော့သည်​။
လီဗာကိုဘယ်​​လောက်​​တောင်​နင်းလိုက်​မိသည်​မသိ ကားမှာ
ဆောင့်​​အောင့်​ထွက်​သွားသည့်​ကား​ကြောင့်​ လူက
လိပ်​ပြာလွင့်​မတက်​ပင်။