မန္တလေးတက္ကသိုလ်အတွင်းရှိ ရွှေမန်းဆောင်၏တံခါးဝမှ
ကောင်မလေးနှစ်ယောက်ဆိုင်ကယ်စီး၍ထွက်လာသည်။
ရွှေမန်းဆောင်အတွင်းမှထွက်လာ၍ကောင်မလေး နှစ်
ယောက်ဟုပြောသော်ငြား ရှေ့မှဆိုင်ကယ်မောင်းနေသူ
သည် ဆံပင်ကယောက်ျားကေနှင့်မို့ ရုတ်တရက်ကြည့်ရင်
ကောင်လေးနဲ့တူနေသည်။သူ့နောက်က ကျောပိုးအိတ်
အစိမ်းရောင်လေးနဲ့ကောင်မလေးက ပါးကွက်ကြားလေးလိမ်းထားပြီး ပြင်ဆင်မှုဘာမှမရှိ။ထိုဆိုင်ကယ်လေးသည် ရွှေမန်းလမ်းမှ သစ္စာလမ်းကြားသို့ချိုးကွေ့ဝင်သွားသည်။သစ္စာလမ်းလေးရဲ့အဆုံး အဝေးသင်ဌာနရှေ့ရှိလမ်းလေးပေါ်ပြောင်းရွေ့မောင်းနှင်လာရင်း မန္တလေးတက္ကသိုလ် ဓမ္မာရုံလမ်းလေးထဲချိုးကွေ့ဝင်သွားပြန်သည်။ ထိုဆိုင်ကယ်လေးရပ်တန့်လိုက်သည့်နေရာက လေးထပ်ဆောင်ဘေးရှိ ကုက္ကိုပင်ရိပ်အောက်တွင်။လေးထပ်ဆောင်သည်မြန်မာစာဌာန၊အင်္ဂလိပ်စာဌာန၊
ဥပဒေဌာန၊စီးပွားရေးဌာန၊နိုင်ငံတကာဆက်ဆံရေးဌာန၊ရှေးဟောင်းသုတေသနဌာနနဲ့ သမိုင်းဌာနတို့နှင့်လေးထောင့်ပုံရှိပြီးအလယ်တွင် ပန်းခြံတစ်ခုရှိနေသည်။ကျောင်းစတက်သည့်နေ့တွင်နိုးရဲ့မေဂျာသို့ နိုးအခန်းဖော်ဆူးလ၀န်း ကလိုက်ပို့ပေးပြီးအခန်းထဲကလူတွေကိုလှမ်းကြည့်ကာ အလယ်တန်းရဲ့နောက်ဆုံးတွင်ထိုင်နေသောကောင်မလေးတွေနားကိုမေးငေါ့ပြ၍
"အဲ့နားသွားထိုင်လိုက် စစချင်းဆိုတော့သူလိုကိုယ်လိုတွေချည်းပဲမကြောက်ပဲနဲ့ရဲရဲသွား သူတို့နဲ့မိတ်ဆွေဖွဲ့ထားတာ နိုး အတွက်အကျိုးမယုတ်ဘူး"
"နိုး ကအကျိုးလိုလို့ပေါင်းတဲ့သူလား ဆူး"
"အဲ့လိုပြောတာမဟုတ်ဘူးလေ သူတို့ကနိုးကိုလမ်းမှားမပို့ဘူးလို့ပြောချင်တာ"
"Aww Ok သိပြီ ဆူးကရော"
"ဘာကိုလဲ"
နိုးသူ့ကိုပြူးးကြောင်ကြောင်ကြည့်မိတော့သူကလည်းနိုးကိုပြန်ပြူးးကြည့်ကာခေါင်းကုတ်နေသောအခါမှအဆုံးမရှိအစမရှိမေးမိသည့်မိမိအပြစ်သာမို့
YOU ARE READING
ဖူးစာမယ်ရဲ့အတ္တ သို့ မာန
Romanceငါ့ရဲ့ဖြစ်တည်မှုကတခြားသူတွေကိုအနှောင့်အယှက်ဖြစ်စေလိမ့်မယ်လို့တခါမှမတွေးဖူးဘူးအထူးသဖြင့်နင့်အတွက်ငါ့ဖြစ်တည်မှုကိုတန်ဖိုးထားခဲ့တဲ့နင့်အတွက် ဖြိုးသော်နိုး အချစ်ကထူးဆန်းသလိုဖူးစာ...