အတ္တနဲ့ ချည်တဲ့ ကြိုး😏😏

995 37 0
                                    

အပိုင်း (၁၀)

''ငါ ကလေးဘဝ သိတက်စထဲက အဖိုးနဲ့ နေခဲ့ ရတယ်. . . ငါ တစ်ယောက်ထဲ မဟုတ်ဘူး. . . ငါ့အကို နဲ့ ငါ့ အမရောပဲ. . . အဖိုးက ငါတို့ ၃ယောက်ကို သူစိတ်တိုင်းကျ ပုံစံသွင်းခဲ့တယ်. . .
ဒီလူနဲ့ မကစားရဘူး ဒီလူနဲ့ မပေါင်းရဘူး
ဒီလူက မကောင်းဘူး. . .ဒီလမ်းမသွားနဲ့ ဒါမလုပ်နဲ့
စကား မများနဲ့  . . ငါတို့ ၃ယောက်က တစ်ချိန်လုံး
အဖိုးရဲ့ စကား အတိုင်းပဲနေခဲ့ ရတယ်. . .
အပေါင်း အသင်းလဲ သိပ်မရှိဘူး. . .
ငါတို့ နဲ့လဲ ပေါင်းသင်းရဲတဲ့ လူ မရှိ သလောက်ပါပဲ
မနက် ကျောင်းသွားရင် အိမ်ရှေ့ စံတွေ ကျောင်းလိုက်ပို့သလို  ကားကြီးနဲ့ အစောင့်တွေနဲ့
. . . .

''နင် ဘယ်သူကိုပြောပြနေတာလဲ. . .

မြင့်မိုလ်ထက်က ဘေးကို လှည့်ပတ်ကြည့်လိုက်ရင်း မေးလိုက်သည်။

''နင် စကားအကောင်းပြောနေရင် ထမဖောက်လို့မရဘူးလား. . . .

''sorry. . . ငါက နောက်လိုက်တာ. . .
နင်တို့ အဖေ အမေတွေကရော. . . .

''ငါ တို့က မောင်နှမ တစ်ဝင်းကွဲလို့ပြောရမှာပေါ့
ညီ အကိုက မွေးထားတဲ့ ကလေးတွေ. . ငါတို့ရဲ့ အဖေ အမေတွေက အဖိုးရဲ့ များပြားလှတဲ့ စီးပွားရေး အလုပ်တွေ အတွက်ပြေးလွှားနေရတယ်လေ. . . ငါတို့ဘေးနားမှာ ရှိဖို့ အချိန်မရှိခဲ့ဘူး. . .
ငါ့ မာမီ နဲ့  ဒယ်ဒီ ဆို ရင်လဲ အခုချိန်ထ နိုင်ငံ ခြားမှာပဲ. . . . ပြန်လာလဲ ရက်ပိုင်းလောက်လေးပဲ အိမ်မှာမနေတာများတယ်. . . .အဖိုးက ငါတို့ ကို အရုပ်လေးတွေလိုပုံစံသွင်းချင်တာ.  . . .
ငါ့ အကို ကတာ့ သူ သွင်းတဲ့ဘပုံစံ အတိုင်း ဝင်တယ် အေးစက်စက် နဲ စက်ရုပ်လို လူမျိုးပေါ့. . . . ငါ့ အမ နဲ့ ငါက တော့ အဖိုးစကားကို ဘဟ်တုန်းကမှ နားမထောင်ခဲ့ဘူး
မလွန်ဆန်နိုင်ခဲ့တာတွေက လွဲပြီး ငါတို့က လုပ်ချင်ရာကို လုပ်ခဲ့ ကြတယ်
ဒါပေမယ့်အဲ့ ဒီ အကျိုးဆက်တွေကလဲ  မကောင်းပါဘူး. . .အဖိုးက ငါ့အကို ကိုယ် အရမ်းချစ်တာ. . . . . ငါ့ အကိုက ဘာလုပ်လုပ်  သူက ကောင်းတယ်ပဲ ပြောခဲ့တာ ငါ့အကိုကလဲ အလုပ်ကလွဲပြီး ဘာမှကိုစိတ်မဝင်စားဘူး
အဖိုးနဲ့ ချွတ်စွပ်တူတယ်. . .နေရာတိုင်းမှာတော်သလို ရက်စက်တယ် သွေးအေးတယ်. . . .   တစ်ခါ တစ်လေ ငါ့ကိုငါ အပြစ်တင်မိတယ် ငါ ဘာလို့ အကို့ လို ဖြစ်မလာရတာလဲ လို့. . .
ငါသာ အကို့ လိုဖြစ်ခဲ့ ရင် အဖိုးကလဲ ငါ့ကို ခုလို အပြစ်ရှာနေမှာမဟုတ်ဘူး. . . .

အတၲနဲ့ ခ်ည္တဲ့  ႀကိဳး😏 အတ္တနဲ့ ချည်တဲ့ကြိုး 😏 Where stories live. Discover now