အတ္တနဲ့ ချည်တဲ့ကြိုး😏😏
အပိုင်း (၁၉)
နှင်းဆုဝေ ဆိုင်အပြင်ဘက်သို့ ထွက်ပြီး ခြေလက် အညောင်းဆန့်နေစဉ် ဆိုင်ဘက်သို့ လျောက် ဝင်လာသည်လူကြောင့် မော့ကြည့်လိုက်သည်။
''သြော် ဘယ်သူများလဲလို့. . . . ထည်ဝါ ရဲ့ ဒုတိယ သခင်လေးပါလား. . .
ခပ်ရွဲ ့ရွှဲ ့ နှင်းဆုဝေ ရဲ ့ စကားသံ ကို Light က ဥပေက္ခာပြုလိုက်သည်။
''ထက်ထက် ရှိလား. . . . . .''ရှိတာပေါ့. . . .ဘာကိစ္စရှိလို့လဲ. . .
ကိစ္စမရှိရင် ဆိုင်ကို ခဏခဏ မလာပါနဲ့လား သခင်လေး ကို . . .မကြို ဆိုဘူး. . . .''ကျွန်တော် ထက်ထက်နဲ့ စကားပြောချင်တယ်. . .
''သူ အလုပ်လုပ်နေတယ် . . မအားဘူး. . .
ရှင်တို့လို သခင်လေးတွေ မဟုတ်တော့ အားနေလို့ မရဘူးလေ. . .''ကျေးဇူး ပြုပြီး ကျွ န်တော်ကို ထက်ထက်နဲ့ တွေ့ခွင့်ပေးပါ. . . .
''ဝေ. . . ဝင်လာခဲ့ . . . လူတွေ ကြည့်နေတယ်. . .
ထက်ထက်က ထွက်လာပြီး အနောက်မှ လှည့်ကြည့် လှည့်ကြည့်သွားနေသည့် လူတွေကို ကြည်ပြီး ပြောလိုက်သည်။ Light နဲ့ အတူ နေသူရက လဲ ဆိုင်ထဲသို့ ဝင်လာကြသည်။
''Light နင်ဘာကိစ္စရှိလို့လဲ. . . . လူကိုယ်တိုင်လာဖို့ မလိုပါဘူး ကိစ္စရှိလဲ. . . မန်နေဂျာ ရှိနေတာပဲ သူ့ပဲလွတ်လိုက်. .
နေုက်ဆို ငါလဲ ဒီဆိုင်မှာ အမြဲရှိမှာမဟုတ်ဘူး. .
နင်ကိုကတိပေးထားတာမို့ ငါတို့ နင့် အတွက် ပွဲတက်ဝတ်စုံတွေ ချုပ်ပေးမှာပါ. . . မန်နေဂျာကို လာပြောခိုင်း လာယူခိုင်းရင် ရပြီ. . . .''ထက်ထက် ငါတို့က သူငယ်ချင်းတွေမဟုတ်လား. . . . .ဟိုတုန်းကရော အခုရော. . . .
''သူငယ်ချင်း မလုပ်ရဲ ပါဘူး . . . သခင်လေးတွေနဲ့ သူငယ်ချင်း လုပ်ရင် ကောင်းတာတွေ သိပ်ဖြစ်လေ့မရှိဘူး. . . .
''စကားအကောင်းပြောလို့ မရဘူးလား မင်းတို့ ၂ယောက်. .
''အကောင်းပဲပြောနေတာပါ ဘာပြောမိလို့လဲ. . . .
''နင် ငါ့ကို ဘာလို့ညာတာလဲ. . . .
''ဘာကိုလဲ. . .
BẠN ĐANG ĐỌC
အတၲနဲ့ ခ်ည္တဲ့ ႀကိဳး😏 အတ္တနဲ့ ချည်တဲ့ကြိုး 😏
Lãng mạnတဖတ်သတ် အချစ်ဆိုတာ အရမ်းပင်ပန်းတယ် ရပ်တန့်ချင်ရင်တောင် stop မပါတဲ့ စက်လိုပဲ ရပ်မရတော့ဘူး. . . BL အနည်းငယ်ရောထားပါတယ် တစ်ဖက်သတ်အချစ်ဆိုတာအရမ်းပင်ပန်းတယ် ရပ်ချင်ရင်တောင် stop မပါတဲ့ စက်ရုပ်လိုပဲရပ်လို့မရတော့ဘူး Bl အတွဲတစ်တွဲ ပါဝင်ပါတယ်ရှင့် ယူနီကုဒ်န...