အတ္တနဲ့ချည်တဲ့ကြိုး

1.2K 33 0
                                    

အတ္တနဲ့ ချည်တဲ့ ကြိုး

   အပိုင်း (၅၃)

"အလုပ်အရမ်းရူပ်နေလား . . .
အနှောက်အယှက်ဖြစ်သွားလား. . .

တုန်ရီတဲ့ စကားသံတွေနဲ့ မေးလာသဖြင့် ထက်ထက်   ထိုင်ခုံမှာ ဝင်ထိုင်လိုက်ရင်း စကားစပြောလိုက်သည်။

''မရူပ်ပါဘူး. . .  အခုချိန်က သင်တန်းချိန်လဲ ပြီးတော့မှာမို ့ . . .ဒါနဲ့ အဖိုး က ဒီကို ဘယ်လို လုပ်ရောက်လာတာလဲ. . .  မောင်လေးတို ့လဲ ထိုင်လေ. . . .

မြင့်မိုလ်ထက် က ကိုယ့် အပေါ် တစ်ခါလေးမှ မကောင်းခဲ့ပေမယ့် ဝှီးချဲလ်နဲ့ သွားလာနေရပြီးတုန်ရီနေတဲ့ အဖိုးကြီးနဲ့ တုပြိုင်မနေချင်တော့တာကြောင့် ကောင်းကောင်းပဲပြောလိုက်သည်။

''မြေးလေး ဂုဏ်ရှိန် မြန်မာပြည်ပြန်ရောက်နေတာ သိပြီးပြီ လား. . . တွေ ့ရော တွေ ့ဖြစ်ကြလား. . .

''သြော် လက်စ သတ်တော့ အဖိုး ရဲ့မြေး နဲ့ ထပ်ပြီး ဆက်သွယ်မှာကြောက်နေပုံပဲ. .  . စိတ်မပူပါနဲ့ . . . ကျမနဲ့ အဖိုး ရဲ့မြေးက အဆက်အသွယ် မရှိပါဘူး
တွေ ့ရင်တောင် သူလဲသူ ့အလုပ်နဲ့သူ
ကိုယ်လဲကိုယ့် အလုပ်နဲ့ ကိုယ် မို့ တွေပေမယ့် သတိမထားမိခဲ့တာတွေများပါတယ်. . . .စကား ပြောဖြစ်ဖို့က ဝေးရောပေါ့. . .
အဲ့ဒီ အတွက်နဲ့ ဒီအထိ ရောက်လာတာဆို ပင်ပန်းသွားပါပြီ. . .

''မဟုတ်ပါဘူး. . . အဲ့ဒီလို မဟုတ်ပါဘူး. . . . . ဒီက အဖိုးကြီးက အရင်က မကောင်းတာတွေပဲ လုပ်ခဲ့မိပါတယ်. . .
အရင်ကကြုံတွေ ့ခဲ့ရတာတွေကြောင့် ငယ်စဉ်ထဲက စိတ်မှာ ဒဏ်ရာဖြစ်ခဲ့တော့ လူတိုင်းကို အဲ့ဒီလို ပဲတွေးခဲ့မိတယ်. .
လူတွေရဲ့ အမြင်မှာ  ထည်ဝါ က မျိုးရိုးစဉ်ဆက်ချမ်းသာတယ်လို ့ပဲ သိကြတာပါ. . .  ဘိုးဘေးတွေ လက်ထပ်က ဘာတွေ ဖြစ်ခဲ့ လဲ ဘယ်သူမှ မသိခဲ့ဘူး. . . .
အဖိုး ရဲ့ အဖေ  လက်ထက်ကပေါ့. . .
မောင်နှမတွေများတဲ ့ အဖိုး ရဲ့ ဖခင်က
အငယ်ဆုံး မိန်းကလေးမှာ ဆင်းရဲနုံချာတဲ့ ချစ်သူတစ်ယောက်ရှိခဲ့တယ်. . .
မိဘတွေက လဲ   သူမရဲ့ ချစ်သူဆိုတော့ ဆင်းရဲသည်ချမ်းသာသည် ဂရု မစိုက်ဘူး လက်ဆက်ပေးခဲ့ကြတာပေါ့. . . . .ဒါပေမယ် ့နောက်ဆုံးမှ သိလိုက်ရတာကမွေပွေး ခါးပိုက် ပိုက်လိုက်ရတယ်ဆိုတာကိုပါပဲ. . . .
ငွေတွေ သုံးလိုက် ဖြုန်းလိုက်  အလုပ်ကိုလဲဖြစ်သလို လုပ်ခဲ့တဲ့
ထည်ဝါ ကလဲ  အမြင်သာရှိပြီး အကြွေးတွေ ပတ်လည်ဝိုင်းသွားခဲ့တယ်
ဖဲရိုက် လောင်းကစားလုပ် စုံအောင်လုပ်ပြီး ထည်ဝါကိုပဲ ခေါင်းပုံချခဲ့တယ်. . . အကြွေး တွေ ထဲကနေ မနားတမ်းရုန်းထွက် ခဲ့ ရပြီး ဒီလို အခြေ အနေရောက်ဖို ့ အများကြီးပြန် ကြိုးစားခဲ့ရတယ်. . .
အဖိုး က အဲ့ဒီ အချိန်မှာ ကလေးသာ ဖြစ်နေသေးပေမယ့် သိတက်နေပြီဖြစ်တဲ့အရွှယ်မို ့ အဲ့ဒီ အကြောင်း အရာတွေကို မေ့မရတော့ဘူး. . . ဆင်းရဲတဲ့ လူတွေကို အထင်သေး ရွှံမုန်းလာတယ်. . .
နိမ့်ကျတဲ့သူတွေဟာ အကျင့်မကောင်းလို ့နိမ်ကျနေတာလို့ ပဲတွေးလာတော့တယ်. . . .အဲ့ဒီ အတွေးက အတ္တဆန်ပြီး တစ်ဖက်စောင်းနင်းနိုင်တာ သိပါတယ်
ဒါပေမယ့် အတိတ်က အရိပ်တွေက ပိုများနေတော့ အသိစိတ်နည်းနည်းလေးကိုပါ ပျောက်သွားစေခဲ့တယ်. . . .
ကိုယ်တိုင်  အလုပ်တွေကိုဦးဆောင်ရတဲ့ အချိန်ကစပြီး လူတွေကို မယုံရဲတော့ဘူး. . . .  ချမ်းသာတဲ့ လူချင်းသာ သင့်တော်တယ်ဆိုတဲ့ အတွေး တွေးမိလာတယ် . . အဖိုး ရဲ့  လက်ထက်က စပြီး ချမ်းသာတဲ မိသားစုချင်းပဲ လက်ဆက်ခဲ့တယ်. .    အဲ့တာကြောင် ့ အရင်က ဂုဏ်ရှိန်ရဲ့ ချစ်သူ လို ့ သိလိုက်ရချိန်မှာ လက်မခံနိုင်ခဲ့ဘူး.   . ငါတို ့ကို နင်းပြီး အမြင့်တက်ချင်တာလို ့ပဲတွေးမိတယ်. . . . . မြေးလေး ဂုဏ်ရှိန်ကို ချုပ်ကိုင်ပြီး ရှိသမျှ စည်းစိမ်ကို  အကုန် ဖြုန်းလိုက်မှာပဲဆိုတဲ့ အတွေး တွေပဲ ဝင်လာခဲ့တယ် အဲ့တာကြောင့် အထင် အမြင်သေးစွာ ဆက်ဆံခဲ့မိတာပါ. .  
ဒီက အဖိုး ကြီး က တစ်ကိုယ်ကောင်း တစ်သက်လုံး ဆန်ခဲ့ပါတယ်. . .  

အတၲနဲ့ ခ်ည္တဲ့  ႀကိဳး😏 အတ္တနဲ့ ချည်တဲ့ကြိုး 😏 Hikayelerin yaşadığı yer. Şimdi keşfedin