အတ္တနဲ့ ချည်တဲ့ကြိုး😏😏
အပိုင်း (၁၇)
''၂ခါ မပြောချင်ဘူး ဂုဏ်ရှိန်ထည်ဝါ . . . . . ဘာကြောင့် ဒီလောက် ခေါင်းမာနေရတာလဲ. . . . မင်းမေ့ နေပြီလား အဲ့ဒီမိသားစု အကြောင်းကို. . .
မင်းဘာကြောင့် ဒုတိယအကြိမ် ရူးချင်နေရတာလဲ. . . . . မင်းကို ဘာဆေးတွေ တိုက်လိုက်လို့ ဒီလောက်ရူးနေရတာလဲ. . . . .
မင်းသိလား အဲ့ ဒီကောင်မလေးက မင်း ညီနဲ့လဲ ရည်းစားတွေဆိုတာ. . . ဟို လူပြေးကပ် ဒီလူပြေးကပ်. . ဟိုမရောက် ဒီမရောက် အဲ့ဒီ လို မိန်းကလေးမျိုးကို မင်းဘဝ လက်တွဲဖော် အဖြစ် ရွှေး ချယ်ဖို့ ငါခွင့်မပြုဘူး. . .'' အဲ့ဒါ ကျွန်နော်ပဲ ဆုံးဖြတ်မယ်. . . ဒါက ကျွန်တော်ဘဝ. . . .
''မင်းဘဝ ပေမယ့် ငါ့ကုမ္ပဏီနဲ့လဲ ဆိုင်တယ်ကွ . .
'' ကုပ္မဏီ . . ကျွန်တော်ကြောင့်ပျက်စီး ခဲ့တာဆုပ်ယုတ်ခဲ့တာရှိလို့လား. . . ပြိုင်ဘက် မှန်သမျှကို အလဲ ထိုးပြီး ထည်ဝါ ဆိုတဲ့ တစ်ခု ရှိအောင် အမြဲ ကြိုးစားနေတာပဲ မဟုတ်ဘူးလား
ကျွန်တော်ကို ဒါထက် ဘာလုပ်စေချင်သေးလို့လဲ. . . .''မင်းကို မှူးခေတ်သစ် နဲ့ လက်ထပ်စေချင်တာလေ . . ထပ်ပြောရပြန်ပြီလား. . မှူး က တော်ပြီး လိမ္မာရေးခြားရှိတဲ့ ကလေးပဲ. . .လူတိုင်းကိုလဲ ဦးဆောင်နိုင်တယ် . . .အရည်အချင်းပြည့်ဝတယ်. . . မင်းနဲ့ဆို ဘယ်လောက်ရှေ့သွားနောက်လိုက်ညီ လိုက်လဲ. . . .
''အဖိုး လူတစ်ယောက်ရဲ့ အိမ်မက်ကို စဉ်းစားပေးဖူးလား. . . .တွေးပေးဖူးခဲ့လား. . . . မေးရောမေးကြည့် ဖူးလား. . ဘာဖြစ်ချင်လဲလို့ . .
အိမ်မက်ဆိုတဲ့ သဘောကိုရော နားလည်ရဲ့လား. . .
အဖိုး သိလား မမရဲ့ ငယ်စဉ်က အိမ်မက်ကဘာလဲ ဆိုတာ. . .သူမ ဘာဖြစ်ချင်ခဲ့လဲဆိုတာ . . . အဖိုး မသိဘူး မဟုတ်လား. . . .''. . . . . . . .
'''မမ က ငယ်ငယ်လေးထဲက ဆရာဝန် တစ်ယောက်ဖြစ်ချင်ခဲ့တယ်. . ကလေးဘဝထဲက ကစားရင်တောင် ဒေါက်တာ နေရာက အမြဲနေခဲ့တယ်. . . ဒါပေမယ့် အရွှယ်ရောက်လာတော့ လိုချင်တဲ့ကျောင်း တက်ချင်တဲ့ကျောင်းထက် အဖိုးတက်စေချင်တဲ့ စီးပွားရေးနဲ့ သက်ဆိုင်တာတွေပဲတက်ခဲ့ရတယ်. . .
သူမ မပျော်ဘူး. . . . ဒါပေမယ့် အကြီးဆုံးလဲ ဖြစ်တော့ လမ်းပြနိုင်ဖို့ဆိုပြီး အကောင်းဆုံး ကြိုးစားခဲ့ရှာတာ. . . . အဖိုးရဲ့ ဖိအားပေးမူလဲ အမြဲ ခံနေရတယ် . . . အိမ်မက်ပျော်နေပြီး အဖိုးရဲ့ စကားတွေအတိုင်းပဲ လိုက်လုပ်နေခဲ့ရတာ. . .အဖိုး ကြောင့်ပဲ အမှားတွေ လုပ်မိသွားတာ အဖိုးသိရဲ့လား. . . .ကိုယ်ပိုင်ရွှေးချယ်ခွင့်မရှိဘူး. . . အဲ့တာကြောင့် ငြိမ်နေရာကနေ ထပေါက်ကွဲသလိုမျိုး သူထင်ရာကိုလုပ်ခဲ့လို မမက သေခဲ့ ရတာ. . . . .အဖိုး ကျွန်တော်တို့ က အဖိုးရဲ့ သွေးတွေ ထည့်ထားပြီး လည်ပတ်နေတဲ့ စက်ရုပ်တွေလို့ မထင်စေချင်ဘူး. . .ကျွန်တော်တို့က နှလုံးသားနဲ့ပါ. . . သက်ရှိလူသားတွေပါ. . . . . အဖိုး ပဲ အသက်ရှိတယ် ထင်မနေနဲ့. . . ကျွန်တော် အဖိုး ပြောသလို မှူးခေတ်သစ်ကို ဘယ်တော့မှ လက်ထပ်မှာ မဟုတ်ဘူး. . . ကျွန်တော်အိမ်မက်က ကျော်ကြားတဲ့ စီးပွားရေး သမား ဖြစ်ချင်ခဲ့တာမို့ အဖိုး ရဲ့ ညွန်ကြာစတာတွေ လိုက်လုပ်ခဲ့တာ. . .ဒါပေမယ့် ကျွန်တော်ရဲ့ အိမ်ထောင်ရေးကို အဖိုး မထိမ်းချုပ်ပါနဲ့. . .
ကျွန်တော် အိမ်မက် ကျွန်တော်မှာရှိတယ်. .
ကိုယ်တိုင်လဲ ပုံဖော်နိုင်တယ်. . . .
အဖိုး ရဲ့ အကူ အညီ မလိုဘူး. . . .
ကျွန်တော်ပြောချင်တာဒါပဲ. . . .
ဟေး. . . ဒီကိုလာ. . အဖိုးကို အိမ်သေချာ ပြန်ပို့ပေးလိုက်. . . .
BẠN ĐANG ĐỌC
အတၲနဲ့ ခ်ည္တဲ့ ႀကိဳး😏 အတ္တနဲ့ ချည်တဲ့ကြိုး 😏
Lãng mạnတဖတ်သတ် အချစ်ဆိုတာ အရမ်းပင်ပန်းတယ် ရပ်တန့်ချင်ရင်တောင် stop မပါတဲ့ စက်လိုပဲ ရပ်မရတော့ဘူး. . . BL အနည်းငယ်ရောထားပါတယ် တစ်ဖက်သတ်အချစ်ဆိုတာအရမ်းပင်ပန်းတယ် ရပ်ချင်ရင်တောင် stop မပါတဲ့ စက်ရုပ်လိုပဲရပ်လို့မရတော့ဘူး Bl အတွဲတစ်တွဲ ပါဝင်ပါတယ်ရှင့် ယူနီကုဒ်န...