အတ္တနဲ့ ချည်တဲ့ ကြိုး😏😏

987 37 1
                                    

အပိုင်း (၁၃)

''ရှင်ဘာစကားပြောတာလဲ. . . .

''လဲလှယ်မူလေ . . . နား မလည်လိုက်ဘူးထင်တယ်. . .

''ရှင် အတော် အောက်တမ်း ကျတာပဲ. . ရှင်. . . ရှင်. . လူကို ဘယ်လို မိန်းမစားမျိုး မှတ်နေလို့လဲ. . . . .

''sorry. . . မင်း အတွေး လွန်နေပြီ . . . ငါပြောတဲ့ မင်းကို လိုချင်တာ ဆိုတာကို အတွေးမှားနေပြီ. . .
ငါ့ကို လပ်ထပ်ရုံပါ. . . .

''ဒါပိုဆိုးသွားပြီး ရှင့် ကို ဘာလို့ လပ်ထပ်ရမလဲ. . .
မဖြစ်နိုင်တာ. . .ရှင့်နဲ့ သိတာတောင်မကြာသေးဘူး
ဘာကိစ္စလက်ထပ်ရမလဲ. . . .ရှင့်ကိုစိတ်လဲ မဝင်စားဘူး. . .

''ရှင်းရှင်းလေးပဲလေ . . စိတ်ဝင်စားဖို့မလိုဘူး
မင်းက ငါ့ဘေးမှာ ငါ့ဇနီးအဖြစ်ရှိနေပေးရင် ရပြီ. . .. . .  အဲ့ဒီအတွက် မင်းတောင်းဆိုသမျှ ငါဖြည့်စည်းပေးနိုင်တယ်. . ငွေကြေးကအစ. . . မင်းမိဘတွေရဲ့  အလုပ် ပြီးတော့ နောက်တစ်ခု. . .
မင်းတူမလေး ကို မင်းအရမ်းပြန်လိုချင်နေတယ်မဟုတ်လား
စာချုပ် ၁နှစ် . . ၁နှစ်ပြည့်တာနဲ့ မင်းကို ကွာရှင်းပေးမယ်. . . .

''ရှင်ပြောတာ ဟန်ဆောင် လက်ထပ်တာ. .

''ဟုတ်တယ် မင်းက ဘာထင်နေလို့လဲ. . .

''ဘာလို့ရှင့်ကို အဲ့လို လုပ်ရမှာလဲ. . .
ရှင်က ဘာလို့  အဲ့ဒီလို လပ်ထက်ချင်တာလဲ
sorry ပဲ လက်မခံဘူး. . .ငွေရှိတိုင်း ရှင်ဖြစ်ချင်တာဖြစ်လာမယ်ထင်နေတာပဲ. . .
ဇတ်ကားတွေ ကြည့်တာများနေပြီ ထင့်ပါ့. . .
နောက်တစ်ယောက်သွားရှာလိုက် ရှင်နဲ့ ကစားဖို့ အချိန်မရှိဘူး. .  . .

'' ဟင့်အင်း အခြားသူမဟုတ်ဘူး
မင်းပဲ. . ငါ လက်ထပ်မယ့်လူ. .  
ဘာလို့လဲ ဆိုတော့ မင်းလဲ ငါ့အကူ အညီ လိုအပ်သလို ငါလဲ မင်းအကူ အညီ လိုအပ်တယ်
ဒါမှ ၂ဖက် ၂လမ်း အဆင်ပြေမယ်. .. . . .

''ရှင်အကူအညီလိုတယ် ??

"ဟုတ်တယ်. . .ငါ့ဘဝကို ချုပ်ကိုင်လာမယ့် မိန်းမမျိုး ငါ မလိုချင်ဘူး. . .
ငါ့ အဖိုးစီစဉ်ထားတဲ့ ပွဲကိုဖျတ်ချင်တာ
မင်းက အဲ့ဒီ အတွက် ကူညီပေး
ငါက မင်းတောင်းဆိုသမျှ ပြန်ပေးမယ်
ငွေ ကြေး အလုပ်ကိုင် မင်းလိုချင်သမျှပေးမယ်
ပြီးတော့ မင်းရဲ့ တူမနဲ့လဲ အတူနေခွင့်ပေးမယ်. .
မင်းလုပ်ပေးရမှာက စာချုပ် ချုပ်ပြီး ကူညီဖို့ပဲ. . .

အတၲနဲ့ ခ်ည္တဲ့  ႀကိဳး😏 အတ္တနဲ့ ချည်တဲ့ကြိုး 😏 Hikayelerin yaşadığı yer. Şimdi keşfedin