အတ္တနဲ့ ချည်တဲ့ကြိုး😏😏
အပိုင်း (၁၅)
မြင့်မိုလ်ထက် အံအားသင့် စွာ ဆွဲခေါ်လာတဲ့အတိုင်းပါလာခဲ့သည်။ အားလုံးရဲ့မျက်လုံးထဲမှာတော့ ထည်ဝါ ရဲ့ သူဌေးက အရမ်းချစ်တက်သူကြီးပေါ့။ဒါပေမယ့် သူမကျတော့ရော လူပုံအလယ်မှာ အနှိမ်ချခံလိုက်ရတာမဟုတ်ဘူးလား။ ထက်ထက်ရဲ့ မာန အရှက်နဲ့ သိက္ခာ လူပုံအလည်မှာနင်းချပြစ်လိုက်တာ မဟုတ်ဘူးလား။
ဒါက သူလိုချင်တဲ့အရာပေါ့လေ။
ဂုဏ်ရှိန်ထည်ဝါကတော့ ခြေလှမ်းတွေ တစ်ချက်လေးတောင်ရပ်မသွားပဲလှည့်ထွက်လာသည်။''ဟေ့ကောင် မင်း အခု ရပ်နေစမ်း. . . ဂုဏ်ရှိန်ထည်ဝါ. . . မင်း. . မင်း. . .
''သူဌေး. . . သူဌေး စိတ်လျော့ပါ. . . ထိုင်လိုက်ပါဦး. . . ကလေးတွေက ငယ်သေးလို့ပါ. . . ဖြေးဖြေးနဲ့ နောက်ဆိုသူဌေးရဲ့ စေတနာကို နားလည်လာမှာပါ. .
''ဒီကောင်က ပြန်မပြော နားမထောင် အလွန်ခေါင်းမာတဲ့ကောင်. . . . ဂုဏ်ရှိန်ထည်ဝါ မင်းငါ့ကိုသေစေချင်တာလား. . . .
ဂုဏ်ရှိန် အနောက်က စကား တွေကို တစ်ခွန်းမျှဂရုမစိုက်ခဲ့ ။ ထက်ထက်ရုန်းလို့မရအောင် တင်းကျပ်စွာ ဆုပ်ကိုင်ထားတဲ့ လက်ထဲမှာ လိုက်ပါလာခဲ့ရင်း မျက်ဝန်းဒေါင့်မှာ တစ်စုံတစ်ယောက်ကို ထက်ထက်မြင်လိုက်ရသည်။ အံအားသင့်ကြောင်ငေးနေတဲ့ ကောင်လေးတစ်ယောက်။ ဟုတ်တယ်. . သေချာတယ် . . အဲ့တာ Light ပဲ. . . သူမကိုယ်တိုင်ချုပ်ပေးထားတဲ့ ဝတ်စုံဖြင့် ရပ်နေတာ ကျောက်ရုပ်အလား. . .
ဒါဆို Light ပြောတယ် သူ့ရဲ့ အကိုဆိုတာ. . . ?
ဂုဏ်ရှိန်ထည်ဝါ က သူ့အကိုလား. . .?
သူဖိတ်ချင်တဲ့ ပွဲက ဒီပွဲလား. . . .?
မေးခွန်းများစွာကို ပြေးလွှားလျောက်နေရင်းတွေးလာခဲ့သည်။
ခြံအပြင် ကားနားရောက်သည်နှင့် ဆွဲချလာသည့် ဂုဏ်ရှိန်ရဲ့ လက်ကို စောင့်ခါ ရုန်းပစ်လိုက်သည်။
ဂုဏ်ရှိန်လဲ ဟန်ချက်ပျက်ပြီး အနည်းငယ်ပင် ဘေးသို့ ယိုင်ကျသွားသည်။''ဟ. . . . .
ထက်ထက် အစပိုင်းက ကြောင်နေပြီး ယခုမှ နမ်းလိုက်တာကိုသတိရပြီး နူတ်ခမ်းကို လက်ဖြင့်အကြိမ်ကြိမ်ဖိသုတ်ပစ်လိုက်လျှက်. . .
YOU ARE READING
အတၲနဲ့ ခ်ည္တဲ့ ႀကိဳး😏 အတ္တနဲ့ ချည်တဲ့ကြိုး 😏
Romanceတဖတ်သတ် အချစ်ဆိုတာ အရမ်းပင်ပန်းတယ် ရပ်တန့်ချင်ရင်တောင် stop မပါတဲ့ စက်လိုပဲ ရပ်မရတော့ဘူး. . . BL အနည်းငယ်ရောထားပါတယ် တစ်ဖက်သတ်အချစ်ဆိုတာအရမ်းပင်ပန်းတယ် ရပ်ချင်ရင်တောင် stop မပါတဲ့ စက်ရုပ်လိုပဲရပ်လို့မရတော့ဘူး Bl အတွဲတစ်တွဲ ပါဝင်ပါတယ်ရှင့် ယူနီကုဒ်န...