အတ္တနဲ့ချည်တဲ့ကြိုး

661 31 0
                                    

အတ္တနဲ့ ချည်တဲ့ကြိုး

အပိုင်း (၃၇)

"ရှင်လဲ မယုံသေးဘူး ဆိုရင် ရှင့် အမကို အခေါင်းထဲက သွား ဆွဲထုပ်ပြီး မေးလာခဲ့. . . အမ . . . လင်းမာန်အောင် ကို ဘယ်လိုပုံနဲ့ ရအောင် ယူခဲ့လဲ လို ့. . . .. . . .  ရှင်မေး လို ့ သူက ဖြေနိုင်ရင်တောင် အဲ့ ဒီ အဖြေ က ကျမ ပြောတာနဲ့ တစ်ထပ်ထဲ ပဲ. . . . .  .
အမှန်တရား က နည်းနည်းတော့ ခါးတယ်မဟုတ်လား. . . အဲ့တာကြောင့် ရှင် တစ်ယောက်ထဲ မုန်းတက်တယ် နာကြည်း တက်တယ် ထင်မနေနဲ့ . . . . .

''မဟုတ်ဘူး မင်းပြောနေတာ တွေ မဖြစ်နိုင်ဘူး. . . မင်း အကို ကသာ မမကို  ယူပြီး တစ်ချက်လေးမှ မကြင်နာခဲ့တာ. . . . 
မမ အမြဲငိုနေရပြီး သူကတော့ အပြင်မှာသွားပြီး အပေါင်း အသင်းတွေနဲ့ ပျော်ပါးနေခဲ့တာ. . . ငါ့ မျက်စိရှေ့မှာတင် ဖြစ်ပျက်ခဲ့တာ. . .
မင်း မဟုတ်ပဲလျောက်မပြောနဲ့. . . .

''အဲ့ လို ဖြစ်အောင် တွန်း ပို ့ ခဲ့ တာ ရှင်တို့မိသားစုလေ. . . ရှင်တို့ မိသားစုကြောင့် သူက ပျက်စီးသွားရတာ. . . . အချစ် ဘဝ အိမ်မက် အားလုံးကို ရိုက်ချိုးချခံခဲ့ ရတာ. . . . .    ရှင်ဆိုရင်ရော ပျော်နေနိုင်လား. . . မချစ်တဲ့ မိန်းမတစ်ယောက်က ရှင့်ကို မရ မက ယူခဲ့တာဆိုရင် . . . . . .အားနည်းချက်တွေ ကိုသုံးပြီး ဖိအားပေးပြီး အနားမှာနေခ်ိုင်းခဲ့တာဆိုရင် ရှင်ရော ပျော်နိုင်လား. . . .  အားလုံး ရှင်တို ့ မိသားစုကြောင့်ပဲလေ. . . 
အဲ့တာကို ဒီဘက် ကို ပဲ အပစ် ပုံ ချ ချင်နေတာလား. .   . အဟွန်း . . . အတော် စိတ်ကုန်ဖို့ ကောင်းတာပဲ. . . ဦးဂုဏ်. . .ရှင်ကတော့ ထင်နေမှာပေါ့ ကျမ ကကြောက်လွန်းလ်ို့ ငြိမ်နေတာဆိုပြီးတော့လေ. . .ဒါပေမယ့် ရှင်မသိဘူး ထင်တယ်. . . . . ကျမက ရှင်ပြောသလို Uc က သူဌေးတွေ ရဲ့ သွေး တစ်စက်လေးတောင် မရှိပဲ ဒီလို အခြေ အနေကို တမင် လာနေတာ  မလွန်ဆန်နိုင် လွန်းလို့ဆိုပြီး. . . ဒါပေမယ့် လူတစ်ယောက်က  ဒီ အတိုင်း အမြဲနေ နေတာ မဟုတ်ဘူးလေ. . .
ရှင့် အလှည့် မရောက်လာပါစေ နဲ့လို့သာ ဆုတောင်းထား. . . .  အခု ကျမက ရှင်တို ့ မိသားစု ရဲ့ ဒုတိယ အဝယ်ကျွန်ပေါ့. . .
ဒါပေမယ့် ကျမ အလှည့်မှာတော့  ကျမ အကို လို အသေထွက် မထွက်ဘူး. . .
ရှင်တို့မိသားစု နောင်တတွေနဲ့ ကျန်ခဲ့လောက်အောင် ကလေး နဲ အတူ စာချုပ် တစ်နှစ်ပြည့်တဲ့ နေ ့ ထွက်သွားမှာ. . .အဲ့ဒါကြောင့် အခုက စပြီး ရှင့် လမ်း ရှင်သွား. . . လာ မရောယှက်နဲ့. . . . ကျမ က ရှင် မှန်းထားတာထက် ပိုဆိုး ရွှားတယ်. . .
လင်းမာန်အောင် လို အရွဲ့တိုက်ပြီး ကိုယ့်ဘဝ ကိုယ် အပျက်ခံ အသေခံ မသွားဘူး. . . ဘာလို့လဲ ဆိုတော့ ကျမကို သူ ့လို ကတိတွေပေး ပြီးမှ ကတိတွေ ဖျတ်ရလို့ နောင်တရနေတဲ့ လူ
မဟုတ်ဘူးလေ. . .  ဘဝကိုနောင်တတွေနဲ့ ဖြတ်သန်းနေတဲ့ လူမဟုတ်ဘူး. . . နောင်တ မရအောင် ကြိုးစားနေတဲ လူ. . .  အဲ့ဒီတော့ ရှင် လဲ  ငါနဲ့ ယူထားတာဆိုပြီး ထင်ရာ စိုင်း မနေနဲ့. . . ကျမလဲ ရှင့်လိုပဲ လုပ်ချင်တာ လုပ်လို့ ရတယ်ဆိုတာ မမေ့နဲ့. . . 

အတၲနဲ့ ခ်ည္တဲ့  ႀကိဳး😏 အတ္တနဲ့ ချည်တဲ့ကြိုး 😏 Onde histórias criam vida. Descubra agora