အတ္တ နဲ့ချည်တဲ့ကြိုး

641 25 0
                                    

အပိုင်း (၁၁)

''🎼🎼🎼🎼🎼🎼🎼🎼🎼🎼🎼🎼🎼🎼🎼🎼🎼🎼🎼🎼

လွင့်ပစ်လိုက်တဲ့ ဖုန်းဟာ ကုတင်ကြားထဲကိုကျသွားပြီး အော်မြည်နေဆဲပဲရှိသေးသည်။
Light ခက်ခက်ခဲခဲ ပြန်ကောက်လိုက်ပြီး ဖုန်းကိူပြန်ေုဖလိုက်သည်။ မဖြေ မချင်းခေါ်နေမှာသိတာကြောင့်ပင်ဖြစ်သည်။

''အကို . . .  Light တို့  ဒီနေ့ စကား မပြောပဲ နေကျရင်ကောင်းမယ်. . . .

''မင်း အဲ့ဒီ ကောင်မလေးကို ဘယ်သူလဲ ဆိုတာသိလား. . . .

''အစကတော့ ဒီဇိုင်နာ တစ်ယောက် စက်ရုံ ရဲ့ပြောခွင့်ဆိုခွင့်ရှိသူတစ်ယောက်လို့ပဲထင်ခဲ့တာ နောက်မှ Uc က သူဌေးရဲ့ ဒုတိယ သမီးမှန်းသိတာ. . . . .

''သိတာတောင် မင်းဆက်လုပ်သေးတယ်နော်.. . .

''ကျွန်တော်သိတာ မကြာသေးဘူး အကို. . .

''မသိဘူး ဆိုရင်တောင် မင်း သူတို့ နဲ့ အလုပ်မလုပ်သင့်ဘူး. . . ..

''လာပြန်ပြီ. . . . တော်ပြီ ကျွန်တော် အကိုနဲ့ စကားမများချင်ဘူး ရပ်လိုက်ရအောင်. . .

''Light မင်းဘာလို့ ငါ့ စကားကို နားမထောင်ချင်ရတာလဲ. . . 
ငါ ပြောနေတာ မင်းအတွက် . . .
အဖိုးသာသိသွားရင် ဘာဖြစ်မလဲ သိလား. . .

''ဘာမှ မဖြစ်ဘူး  အဖိုးက အကို့ လောက်မဆိုးဘူး
Ucနဲ့ ပတ်သက်လာရင် ဆိုးရွှားနေတာက အကိုပဲ. . .  အတိတ်ကို အတိတ်မှာ မချန်ခဲ့နိုင်ပဲ တစ်ဝဲလည်လည်ဖြစ်နေတာ. . . သေတဲ့ လူတွေက လဲ သေသွားပြီးပြီ. . .နောက်တစ်ခုက အကိုတစ်ယောက်ထဲ ဆုံးရူံး သွားတာမဟုတ်ဘူး အခြားတစ်ဖက်ကလဲ ဆုံးရူံးခဲ့တာပဲ. . . .အကိုယ့်ရဲ့ အတ္တတွေလျော့ပြီး ပြန်တွေးကြည့်လိုက်. . .
ဒါပဲ ထပ် ဆက်မလာနဲ့ တော့ ဖြေမှာမဟုတ်တော့ဘူး. . .

Light  ဖုန်းကို မွေ့ယာပေါ် ပစ်တင်လိုက်ရင်း ရေချိုးခန်းထဲဝင်ရေချိုးလိုက်သည်။
  Light ရဲ့  ဝင်းကွဲ အကို ဂုဏ်ရှိန်ထည်ဝါ က အတိတ်မှာ ရုန်း မထွက်နိုင်သေးတဲလူတစ်ယောက် ။ ခေါင်းမာတာ အတ္တကြီးတာတွေ စု လျှက် အဲ့ဒီ ခေါင်းမာမူတွေကနေမှ သနားစရာ ကလေးတစ်ယောက်ကိုပင် အိမ်ထဲမှာ သိုလှောင်ထားချင်နေသေးသည်။  အစက Lightv မသိခဲ့ဘူး ။ မြင့်မိုလ်ထက် ဆိုတဲ့ ဒီဇိုင်နာ က Uc အထည်ချုပ် ပိုင်ရှင်ရဲ့ ဒုတိယ သမီးဆိုတာကိုပေါ့ ။ Uc ကိုသိပေမယ့် လက်ခံ ခဲ့တာက ပထမဆုံး လာအပ်တဲ့ ကြော်ငြာ အလုပ်ဖြစ်နေတာကြောင့် လက်ခံ ခဲ့တာ ။ ပြီးတော့  Light က အကို လို အတိတ်မှာ မျောနေတဲ့ လူ မဟုတ်သလို အလုပ်နဲ့ လူမူရေး ရောယှက်တက်သူလဲ မဟုတ်ခဲ့ ဘူးလေ ။

အတၲနဲ့ ခ်ည္တဲ့  ႀကိဳး😏 အတ္တနဲ့ ချည်တဲ့ကြိုး 😏 Hikayelerin yaşadığı yer. Şimdi keşfedin