အတ္တ နဲ့ ချည်တဲ့ကြိုး

687 25 0
                                    

အတ္တနဲ့ ချည်တဲ့ ကြိုး😏😏

အပိုင်း (၈)

နေသူရ  မသိဘူး သိတယ် ဖြေနေသည့် ၂ယောက်ကို ကြည့်ပြီး အူကြောင်ကြောင် ဖြစ်သွားသည်။

'' နင်က ဘာသိတာလဲ. . .  

''ဟုတ်တယ်လေ သိတယ်လေ အအေး ဆိုင်မှာ မင်းနူတ်ခမ်းကိုတောင် ငှားလိုက်သေးတယ်လေ. . . . .

''ဘာ . . . နင်. . . သေချင်နေလား . . .

''ဟ မဟုတ်လို့လား. . . .

''နင်. . . . . .

''ဂျပန်မ . . . လက်မပါကြေး. . . .

  ထက်ထက်က ရိုက်ဖို့ ပြင်လိုက်တော့ Light က လက်ကို ဖမ်းတားလိုက်ပြီး ဖယ်ချလိုက်သည်။ နေသူရ ကတော့ ကြားလည်မှာ ဟိုကြည့် ဒီကြည့်ဖြင့်မျက်လုံး အပြူးသား လေးဖြစ်နေရှာသည်။

''ခဏ အလုပ်အကြောင်းပဲပြောရအောင်
ရန်ဖြစ်နေတာ ရပ်ကြပါဦး. . . . ဒါနဲ့ ဘယ်လို သိကြတာလဲ. . . . .

''နူတ်ခမ်းငှားရင်း သိကြတာ. .

''နင်. . . .

'' Light. . .ဘယ်လိုတွေပြောနေတာလဲ. . . .

''အကိုကလဲ ဘာပြောလို့လဲ တကယ်ပါဆို. . .  အရင်တစ်ခေါက်က အကိုယ့်ကိုပြောတယ်လေ ပလာဆာ တစ်ခုမှာ fan တွေနဲ့ ပိတ်မိတဲ့ ကိစ္စ. .  အဲ့ ဒီနေ့ကသိတာ. . . .  သူ့ ကို အကူအညီတောင်းပြီး အတွဲဟန်ဆောင်လိုက်တာ အဲ့တာပြောတဲ့ဟာ. . .

''သြော်. . အဲ လို ရှင်းရှင်း လင်းလင်းပြောလေ မင်းဟာက နူတ်ခမ်းငှားတယ် နူတ်ခမ်းငှားတယ်နဲ့. . . . .ငါတောင် မင်းအစား ပါးယားလာသလိုပဲ. . .

''တော်တော့ အကိုရေ သူက ဒေါသအိုးဗျ. . .
လက်သံကလဲပြောင်ပါ့. . 

''ထားပါတော့ ဒီက ညီမက. . . 

ထက်ထက်က light ကိုမျက်စောင်းထိုးလိုက်ရင်း နေသူရ ဘက်သို့လှည့် ၍  . . . .

''ဟုတ်ကဲ့ ညီမက Uc ကနေ ဆက်သွယ်ခဲ့တဲ့ သူပါ
အခုလက်ရှိတော့ Uc ရဲ့ ဒီဇိုင်နာပေါ့. . . . .
မြင့်မိုလ်ထက် ပါ. . . 

''သြော် ဟုတ်ကဲ့တွေ့ရတာ ဝမ်းသာပါတယ်ခင်ဗျ
ကျွန်တော်က Light ရဲ့ မာန်နေဂျာ  နေသူရပါ . . .

''နာမည်ကလဲ တောင်တန်း နာမည်နဲ့. . 

''နင့်အပူ မပါဘူး. . . .

အတၲနဲ့ ခ်ည္တဲ့  ႀကိဳး😏 အတ္တနဲ့ ချည်တဲ့ကြိုး 😏 Hikayelerin yaşadığı yer. Şimdi keşfedin