အတ္တနဲ့ ချည်တဲ့ ကြိုး
အပိုင်း (၂၅)
''ဒါက ကျွန်တော်ရဲ့ သတို့ သမီးတွေပါ. . . .. . .
ဂုဏ်ရှိန်ရဲ့ စကားသံနဲ့ အပြု အမူမှာ အားလုံးမှင်သက်သွားကြသည်။
''🎼🎼🎼🎼🎼🎼🎼🎼🎼🎼🎼🎼🎼🎼🎼🎼🎼🎼🎼🎼🎼🎼🎼🎼🎼🎼🎼🎼. . . .
သီချင်းသံ ငြိမ့်ငြိမ့်လေးကလွဲပြီး ဘာဆို ဘာသံမှ ထွက်ပေါ်မလာခဲ့။အတန်ကြာငြိမ်သက်ပြီး ပထမဆုံး ထ ပြီး အသက်ဝင်လာသူက သူဌေးကြီး နေထည်ဝါ. . . . .
'' ဂုဏ်ရှိန်. . . မြေး. . .ဒါစနောက်ရမယ့် အချိန်မဟုတ်ဘူးနော်. . . . . တစ်ယောက်က သတိုးသမီး အရံ မဟုတ်လား. . . .
သတိုး သမီးအရံလို့ ပြော ရ အောင်ကလဲ ၂ယောက်လုံးဟာ ရှည်လျှားပြီး လှပတဲ့ ဂါဝန်တွေဖြင့် တစ်ယောက်တစ်မျိုး လှနေသဖြင့် ဘယ်သူက သတိုးသမီး အရံလို့ ထင်မှာလဲ ။အဖိုး ရဲ့ စကားကို ဂုဏ်ရှိန်က ပယ်ချလိုက်သည်။
''ကျွန်တော် စနောက်နေတယ် လို့ အဖိုး က ဘာလို့ထင်ရတာလဲ. . . တကယ်ပြောနေတာ. ..
ဂုဏ်ရှိန်က မိန်းမလှလေး ၂ယောက်ကြား ဝင်ရပ်လိုက်ပြီးဆက်ပြောလာသည်။
''ဒါက အဖိုး လက်ထပ်စေချင်တဲ့ သူ. .
ဒါက ကျွန်တော် ချစ်တဲ့ မိန်းကလေး . .
ဘာဖြစ်ဖြစ် အဖိုး လဲစိတ်ချမ်းသာမယ်
ကျွန်တော်လဲ စိတ်ချမ်းသာမယ်. . . .''ဘာပြောတယ်. . . .
မင်း ရူးနေလား. . . ဟမ်. . .ဒါက ဘဝ . .
ကစားစရာ ထင်နေလား. . . .''ကျွန်တော် ကစားနေတာ မဟုတ်ဘူးလို့ အဖိုးကိုပြောသားပဲ. . . အဖိုး လက်ထပ်စေချင်တဲ့ လူ ကျွန်တော်လက်ထပ်မယ့်လူ. . .
ဒါက မျှတပါတယ်. . . .မထီမဲ့ မြင် ဂုဏ်ရှိန်ရဲ့ အပြော. . .
''ဘာတွေ ဖြစ်ကုန်တာလဲ. . .
၂ယောက်လုံးကို လက်ထပ်မယ်လို့ပြောနေတာလား. . .
ဝါး. . . .''' ဘာလဲဟ . . . .ပုံစံ ကြည့်ရတာ တစ်ယောက်ထွက်သွားရမယ့်ပုံပဲ. . . .
''အေးလေ ၂ယောက် . . . ဘယ်လိုဖြစ်နိုင်မှာလဲ. . .
တီးတိုး စကားသံတွေ ပွက်လောရိုက်လျှက်. .
ČTEŠ
အတၲနဲ့ ခ်ည္တဲ့ ႀကိဳး😏 အတ္တနဲ့ ချည်တဲ့ကြိုး 😏
Romanceတဖတ်သတ် အချစ်ဆိုတာ အရမ်းပင်ပန်းတယ် ရပ်တန့်ချင်ရင်တောင် stop မပါတဲ့ စက်လိုပဲ ရပ်မရတော့ဘူး. . . BL အနည်းငယ်ရောထားပါတယ် တစ်ဖက်သတ်အချစ်ဆိုတာအရမ်းပင်ပန်းတယ် ရပ်ချင်ရင်တောင် stop မပါတဲ့ စက်ရုပ်လိုပဲရပ်လို့မရတော့ဘူး Bl အတွဲတစ်တွဲ ပါဝင်ပါတယ်ရှင့် ယူနီကုဒ်န...