အတ္တနဲ့ချည်တဲ့ကြိုး
အပိုင်း (၄၃)
"ထက်ထက်. . . . နင် အဲ့ဒီလို မလုပ်ပါနဲ့. . . .
''ထားလိုက်ပါ. . . အဲ့တာ က သူ ့ ရည်းစား အသက်ရှင်လာနိုင်တဲ့ တစ်ခုထဲသော နည်းလမ်းပါ. . .မတားပါနဲ့ လွတ်ပေး ထားလိုက်. . .
ဆရာဝန်ရဲ့ စကားကြောင့် Light တစ်ယောက် ထက်ထက်ကို ဆွဲနေသည့် လက်တွေကို ရပ်တန့် လိုက်သည်။
ထက်ထက်က အရူးတစ်ယောက်ပမာ ငိုကြွေး ရင်း ဂုဏ်ရှိန်ကို ခေါ်နေခဲ့သည်။''ဒီနေရာက ဘယ်နေရာလဲ ဘာလို ့ အရမ်းမှောင်နေတာလဲ. . .. . . .
ဂုဏ်ရှိန် စမ်းတဝါးဝါးလျောက်သွားရင် ည အချိန်လို မှောင်မိုက်သည့်နေရာကိုရောက်နေခဲ့သည်။
''အ. . . ငါ့. . ငါ့ ရင်ဘက်ထဲမှာ ဘာလို ့ဒီလောက် နာကျင်နေရတာလဲ. . . .
ဘာလို ့လဲ. . .''အဟင့် . . အဟင့်. . .ဦးဂုဏ်. . .သတိရပါတော့. . အဟင့်. . အဟင့်. . .
တချက် တချက်ကြားလာရသည့် ငိုရိူက်သံက နီးသွားလိုက်ဝေးသွားလိုက်။
သူ ဘာဖြစ်နေတာလဲ . . .မြင့်မိုလ် ထက်ကရော ဘာလို ့ ငိုနေတာလဲ. . . .''ဒေါက်တာ လူနာက သွေးခုန်နူန်း ပြန်မှန်လာပါပြီ. . .
''ဟာ. . . . .
''အမြန်. . .အသက်ရူ နိုင်ဖို ့အောက်ဆီဂျင် တပ်ပေးပါ. . . .
အစကနေပြန်စမ်းသပ်မယ်. . .ပြောင်းလဲသွားသော အခြေ အနေကြောင့် မြင့်မိုလ်ထက် ငိုရိူက်နေတာ တွေ ရပ်တန့်သွားပြီး ဆရာဝန်တွေ လူပ်ရှားနေသမျှ ငေးပြီး ကြည့်နေမိသည်။ ထို အခိုက် အတန့် လေးမှာ Light ကိုတိုင်လဲ အသက်ရူ ဖို ့မေ့လျော့နေခဲ့သည်။
''လူ နာက စိုးရိမ် ရတဲ ့အခြေ အနေက နေ လွတ်မြောက်သွား ပါပြီ . . . . သတိပြန်လည်လာဖို ့ကတော့ အချိန်ပေးဖို ့ လိုပါတယ် . . .
''တကယ်ပြောတာလား ဒေါက်တာ . .
ဦးဂုဏ်. .ဦးဂုဏ် မသေ ဘူးပေါ့နော်. . .''သမီးက အကောင်းဆုံး လုပ်ခဲ့တာ ပဲ. . .
သမီး ရဲ့ ချစ်သူက အသက်ရှင်နိုင်သွားပါပြီ. . . . . .
ဒါက ချစ်တဲ့ လူ ၂ယောက် ကြားမှာသာ လုပ်လို ့ ရန်ိုင်တဲ့ နှလုံးသား နဲ့ ရင်းတဲ့ စိန်ခေါ် မူ တစ်ခုပေါ့. . . နှလုံး ခုန်တာ တစ်မိနစ်လောက်လေးပဲ ထပ်နောက်ကျသွားခဲ့ ရင် သူ ဘယ်တော့မှ သတိပြန်လည်လာတော့မှာမဟုတ်ဘူး. . . . . . . ဘယ် လို လူမျိုးက မှ သူ့ ကို မကယ်နိုင်တော့ဘူး. . . အခုတော့ သူ ပင်ပန်းနေလို ့ သတိ လည်မလာသေးတာပါ. . . စောင့်လိုက်ပါ. . . သမီးလဲ ပင်ပန်းသွာပြီ. . .
ESTÁS LEYENDO
အတၲနဲ့ ခ်ည္တဲ့ ႀကိဳး😏 အတ္တနဲ့ ချည်တဲ့ကြိုး 😏
Romanceတဖတ်သတ် အချစ်ဆိုတာ အရမ်းပင်ပန်းတယ် ရပ်တန့်ချင်ရင်တောင် stop မပါတဲ့ စက်လိုပဲ ရပ်မရတော့ဘူး. . . BL အနည်းငယ်ရောထားပါတယ် တစ်ဖက်သတ်အချစ်ဆိုတာအရမ်းပင်ပန်းတယ် ရပ်ချင်ရင်တောင် stop မပါတဲ့ စက်ရုပ်လိုပဲရပ်လို့မရတော့ဘူး Bl အတွဲတစ်တွဲ ပါဝင်ပါတယ်ရှင့် ယူနီကုဒ်န...