အတ္တနဲ့ချည်တဲ့ကြိုး

737 24 0
                                    

အတ္တနဲ့ချည်တဲ့ကြိုး

အပိုင်း (၄၈)

       တိတ်တခိုး စွဲလမ်းခဲ့ရတယ်ကောင်မလေးကို အချိန် အကြာကြီးစောင့်ကြည့်နေခဲ့သည် ။ မပွင့် လင်းတက်တဲ့ သူ ့ရဲ့ စရိုက်ကြောင့် သူမ အနားကိုလဲ မသွားရဲခဲ့ဘူး ။
  သူမ ဘာတဲ့ မတည့်ဘူး
   သူမ ဘာ မစားဘူး က အစ သူအကုန်သိသည်. . . .  သူမ အကြောင်း ကို အားလုံးနီးပါးသိအောင်လဲ စုံစမ်းခဲ့တယ်. . . . ပထမဆုံး ပန်းစီး ပို ့ ့ခဲ့တုန်းက သူ စိတ်မကောင်း ဖြစ်ခဲ့ရသည်. . .ဘာလို ့လဲ ဆိုတော့ ပန်းစီးကို လွင့်ပစ်ခဲ့လို ့ပါ. . . နောက်မှ သူ သိခဲ့ရတာက သူမ က ပန်းဝတ်မူန်နဲ့ မတည့်ဘူး ဆိုတာကိုပေါ့ . . .အဲ့ဒီနောက် တော့ မွေးနေ ့တိုင်း မှာ တကယ့် အစစ်နဲ့ တူ တဲ့ ပန်းကို ရှာပြီး ပို ့ခိုင်းခဲ့သည် . .
ဦးငယ် ဒါမှမဟုတ် သူကိုယ်တိုင် သွားပို ့ခဲ့တာတွေတောင် ရှိခဲ့သည် . . အဲ့တာတွေ ၃နှစ်ဆက်တိုက် လုပ်ခဲ့ပြီး  မထင်မှတ်ပဲ မမ က သူမ ရဲ ့ အကို နဲ့ လက်ထပ်ခဲ့သည်. . . .   အစ ပိုင်း မှာတော့ သဘော မတူ ဘူး သဘောတူတယ် ဆိုတာ မတွေး မိခဲ့ဘူး. . . . .မမ ချစ်တဲ့ သူပဲ အဆင်ပြေမှာပါဆိုတဲ့ အတွေးနဲ့ပေါ့. . .
နောက်တော့ ဆိုးရွှားလွန်းတဲ့ လင်းမာန်အောင်ရဲ့ စရိုက်တွေ ကို မြင်ပြီး ဒေါသတွေ ထွက်လာမိသည်. . .  အမ ကိုချစ်တဲ့ စိတ်ကြောင့် အတ္တကြီးတဲ့ သူက တစ်ကိုယ်ကောင်းဆန်လာတော့သည်. . . . . တစ်ဖက်ကိုပဲ မကောင်းတွေး နေတော့သည်. . . .ပြီးတော့ မမ သေသွားခဲ့ပြီးနောက်  မမ ကို လင်းမာန်အောင် လုပ်ခဲ့သလို ဥပေက္ခာ နဲ့ အမုန်းတွေ ပေးဖို ့ဆုံးဖြတ်ခဲ့သည်. . .ကံမကောင်းစွာပဲ လင်းမာန်အောင် ရဲ့ ညီမ ဟာ သူ ချစ်တဲ့ မိန်းကလေး ဖြစ်နေခဲ့ ပြန်တယ် . . . . .  အမ က အဖြစ်ဆိုးနဲ့သေခဲ့ရပြီး ယောကျၤား က အရက်မူးနေလို့ အက်စီးဒန့် ဖြစ်တာလို ့ ရဲတွေကလဲ ထွက်ဆိုခဲ့သည်။ အမုန်းပေါ် အမုန်းဆင့် ကလေးကို က အစ မမြင်ချင်ခဲ့ဘူး. . . . .  အဲ့ အချိန်က စပြီး ဂုဏ်ရှိန် ရဲ့ စိတ်တွေ ကြောက်စရာကောင်းလာခဲ့သည်။
မြင့်မိုလ်ထက် ရဲ့ မွေးနေ့ မှာ ပို ့နေကျ ပန်းစီး မပို့တော့ဘူး. . . .  သူ မ ဘယ်တော့ ပြန်လာမလဲဆိုတာကို စုံစမ်းနေခဲ့သည်။ အားလုံး ရဲ့ ရှေ့ မှာတော့ သူက မြင့်မိုလ်ထက်ကို မသိဟန်ဆောင်ခဲ့သည်။ သူ ့ရဲ့ လက်ထောက် ကောင်လေးက အစ မသိခဲ့ဘူး။ မြင့်မိုလ်ထက် နဲ့ သူရဲ့ ဇတ်လမ်းကိုသိတာ ဦးငယ်တစ်ယောက်ပဲရှိသည်။

အတၲနဲ့ ခ်ည္တဲ့  ႀကိဳး😏 အတ္တနဲ့ ချည်တဲ့ကြိုး 😏 Nơi câu chuyện tồn tại. Hãy khám phá bây giờ